
နေပြည်တော် နိုဝင်ဘာ ၁၁
တစ်မျိုးသားလုံးကျန်းမာရေးကို တိုင်းရင်းဆေးဖြင့်စောင့်ရှောက် နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနသည် နေပြည်တော် တိုင်းရင်းဆေးရုံ ခုတင် ၁၀၀ ၏ ပြင်ပလူနာဌာနခွဲ တစ်ခုအဖြစ် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်း နံဘေးရှိ အမျိုးသားပရဆေး ဥယျာဉ်အတွင်း၌ ဇူလိုင် ၃၀ ရက် မှစ၍ ထပ်မံဖွင့်လှစ်ကုသမှုပေး လျက်ရှိသည်။
အဆိုပါ ပြင်ပလူနာဌာနခွဲ ဖွင့်လှစ်ရခြင်းမှာ တိုင်းရင်း ဆေးပညာဖြင့် ကုသမှုခံယူလိုသည့် ပြည်သူများအတွက် သွားလာ ရေးလွယ်ကူစေပြီး ကျန်းမာ ရေးစောင့်ရှောက်မှု ပိုမိုလွယ်ကူ မြန်ဆန်စေရန် ရည်ရွယ်ခြင်းဖြစ် သည်။
အဆိုပါ တိုင်းရင်းဆေးပြင်ပ လူနာဌာနခွဲကို ဇူလိုင် ၃၀ ရက် က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
တိုင်းရင်းဆေးရုံ ပြင်ပလူနာ ဌာနခွဲတွင် တာဝန်ခံတိုင်းရင်း ဆေးမှူး ဆရာမ ဒေါ်အေးမြတ်သူ ဦးဆောင်၍ ဒုတိယတိုင်းရင်း ဆေးမှူး ဆရာ တစ်ဦး၊ ဆရာမ တစ်ဦး စုစုပေါင်း သုံးဦးဖြင့် ကုသမှုပေးနေခြင်းဖြစ်ပြီး တစ်နေ့ လျှင် လူနာ ၂၀ ခန့် လာရောက် ပြသကုသမှု ခံယူလျက်ရှိသည်။
“ကျွန်မတို့ တတ်ထားတဲ့ တိုင်းရင်းဆေးပညာနဲ့ ပြည်သူ တွေရဲ့ကျန်းမာရေးကို တစ်တပ် တစ်အားပါဝင်ပြီးတော့ ကုသ ဆောင်ရွက်ပေးနေရတာ ကျေနပ် ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တို့ရဲ့ တိုင်းရင်းဆေးကို ယုံကြည် ကုသဖို့လာတယ်ဆိုရင် ကျွန်မတို့ ဝမ်းသာပါတယ်” ဟု ဒေါ်အေး မြတ်သူက ပြောသည်။
ပြင်ပလူနာ ဌာနခွဲသို့ လာရောက်ပြသသူ လူနာတစ်ဦး ကလည်း “ကျွန်မတို့မိသားစုဆိုရင် တိုင်းရင်းဆေးနဲ့ပဲ ကျန်းမာရေးကို စောင့်ရှောက်ခဲ့တာပါ။ နေတာက ဇမ္ဗူသီရိ ဝန်ထမ်းရပ်ကွက်ကပါ။ အခုလို ဒီနေရာမှာ ဆေးရုံခွဲတစ်ခု ထပ်မံဖွင့်ပေးထားတော့ သွားလာ ရေးစရိတ်သက်သာပြီး အဆင်ပြေ သွားတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
ယင်းပြင်ပလူနာ ဌာနခွဲတွင် ဖွင့်လှစ်ကုသပေးမည့် အချိန်မှာ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံး ပိတ်ရက်များမှအပ နံနက် ၈ နာရီ မှ ညနေ ၄ နာရီခွဲအထိ စမ်းသပ် ကုသပေးမည်ဖြစ်ပြီး ကုသပေးနိုင် သည့် ရောဂါများမှာ ဒူးနာ၊ ခါးနာ၊ လေငန်းရောဂါ၊ ဇက်ကျီးပေါင်း ရောဂါ၊ ခါးကျီးပေါင်း၊ ထိပ်ကပ်နာ၊ အကြော၊ အရိုး၊ အဆစ်နှင့် ပတ်သက်သော ရောဂါများကို သက်သာပျောက်ကင်းသည်အထိ ကုသပေးနေသည့်အပြင် အမျိုး သား ပရဆေးဥယျာဉ်အတွင်း စိုက် ပျိုးထားသော တိုင်းရင်းဆေးဝါး ထုတ်လုပ်ရာတွင် ကုန်ကြမ်း အဖြစ် ဖော်စပ်အသုံးပြုသည့် ပရ ဆေးပင်မျိုးစုံတို့ကိုပါ လေ့လာ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ကိုပေါက်(ဥက္ကာမြေ)