
နေပြည်တော် ဧပြီ ၁၀
နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် ယနေ့တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးနေမည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ဗားရ်မြို့၊ မြင်းမူမြို့၊ ချောက်မြို့၊ မကွေးမြို့၊ တောင်တွင်းကြီး မြို့၊ ဂန့်ဂေါမြို့နှင့် တောင်ငူမြို့တို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ်စီနှင့် မုံရွာ (ကြေးမုံ)၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ အောင်လံမြို့၊ အမ်းမြို့၊ ပြည်မြို့နှင့် ဖားဆောင်းမြို့တို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ချောင်းဆုံ မြို့တွင် ၁ ဒသမ ၉၃ လက်မ၊ ကျိုက္ခမီမြို့တွင် ၁ ဒသမ ၇၃ လက်မ၊ ကျိုက်မရောမြို့တွင် ၀ ဒသမ ၆၃ လက်မ၊ ကျိုင်းတုံမြို့တွင် ၀ ဒသမ ၃၂ လက်မ၊ မိုင်းယန်းမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် ၀ ဒသမ ၂၄ လက်မစီနှင့် ကလေးဝမြို့တွင် ၀ ဒသမ ၁၆ လက်မတို့ ဖြစ်ကြသည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။
မြန်မာ့ပင်လယ်ပြင် အခြေအနေမှာ လှိုင်း အနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေးပေမှ ခုနစ် ပေခန့် ရှိနိုင်သည်။
မိုး/ဇလ