နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားအထောက်အထားကတ်ပြားတစ်ခုခုဖြင့် ကိုင်ဆောင်မဲပေးနိုင်ရေး ရှင်းလင်းပြောကြား

 

နေပြည်တော်   ဒီဇင်ဘာ   ၁၁


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးခင်ရီသည်   နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊   နေပြည်တော် တိုင်းစစ်ဌာနချုပ်        တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ  (နေပြည် တော်) တပ်ကုန်းမြို့နယ်    အနော် ရထာရပ်ကွက်ရှိ     မဟာဗောဓိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန တပ်ကုန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ က ရုံးပိတ်ရက်တွင် ဒေသခံပြည်သူ များကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားထုတ်ပေး ခြင်း   လုပ်ငန်းကွင်းဆင်းဆောင်  ရွက်နေမှုကို   လှည့်လည်ကြည့်ရှု အားပေးကာ  ဒေသခံပြည်သူများ အား    ရင်းရင်းနှီးနှီး     နှုတ်ဆက် သည်။ 

 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီးသည်    ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌   ဒေသခံပြည်သူ  များနှင့်တွေ့ဆုံကာ   ပန်းခင်းစီမံ ချက်ဖြင့်  အိမ်ထောင်စုလူဦးရေ စာရင်းနှင့်     နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင် ရွက်ပေးမှု၊  နိုင်ငံသားတစ်ဦးချင်း စီ၏  လူမှုဘဝဆောင်ရွက်မှုတိုင်း ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား၏  အသုံးဝင်မှုနှင့်   နိုင်ငံသားအခွင့် အရေး    အပြည့်အဝရရှိစေရေး အတွက် အရေးကြီးသည့်အထောက် အထားဖြစ်မှု၊    နောင်လာမည့် ရွေးကောက်ပွဲ     တွင်နိုင်ငံသား အထောက်အထား    ကတ်ပြား တစ်ခုခုဖြင့် ကိုင်ဆောင်မဲပေးနိုင် ရေး၊ ရရှိပြီးသော နိုင်ငံသားစိစစ် ရေးကတ်ပြားအား   စနစ်တကျ  ကိုင်တွယ်    ထိန်းသိမ်းရေးတို့နှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြား သည်။ 

 


ယင်းနောက်    တပ်ကုန်းမြို့ နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  နေ့ချင်းပြီးအခမဲ့ ကွင်းဆင်းဆောင် ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ် ရေးကတ်ပြားများကို ပြည်ထောင်စု ဝန်ကြီး၊    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီး တို့က   ဒေသခံပြည်သူများအား ပေးအပ်ကြပြီး တက်ရောက်လာ ကြသူများကို ကိုဗစ်-၁၉ ကာကွယ် ရေးအတွက် ပါးစပ်နှာခေါင်းစည်း (Masks)  များ   ဝေငှပေးအပ်ကြ သည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်   အဖွဲ့သည်  ပရဟိတ အထက်တန်းကျောင်း နာယက၊ မဟာဗောဓိကျောင်း ဆရာတော်  ဘဒ္ဒန္တ ဥဠုရာဇဗုဒ္ဓိအား    ဖူးမြော် ကြည်ညို၍ ဝန်ကြီးဌာနမှ ဒေသခံ ပြည်သူများအတွက်    ပန်းခင်း စီမံချက်      ဆောင်ရွက်ပေးမှုနှင့် သာသနာရေးဆိုင်ရာများ လျှောက် ထားကာ   လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြသည်။ 

 


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည် တပ်ကုန်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန   အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ       ရပ်ကွက်/ကျေးရွာ အုပ်စု ၃၅ ခုမှ အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံသည်။ 

 


တွေ့ဆုံစဉ်   ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက  နိုင်ငံတော်၏ စီမံချက်တစ်ခုဖြစ်သည့်  ပန်းခင်း စီမံချက်ကို မိမိတို့ဌာနမှ တာဝန် ယူ   ဆောင်ရွက်နေသော်လည်း ဆက်စပ်ဌာနများ   အပါအဝင် ပြည်သူအားလုံး   ဝိုင်းဝန်းကူညီ ဆောင်ရွက်မှသာ အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားသည် နိုင်ငံသား တစ်ဦးအတွက် မရှိမဖြစ်အရေးပါ မှု၊ နိုင်ငံသားအခွင့်အရေး အပြည့် အဝရရှိနိုင်မှုတို့အား ပြည်သူများ သိရှိနားလည်နိုင်ရေးအတွက် အသိ ပညာပေး    ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊     ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် အခြေခံအကျဆုံးနှင့် အရေးကြီး  ဆုံးအဖွဲ့တစ်ခုဖြစ်သည်နှင့်အညီ မိမိတို့၏ ရပ်ကွက်/ ကျေးရွာများ အတွင်း နိုင်ငံသားစိစစ်ရေးကတ် ပြား    မပြုလုပ်ရသေးသူများ၏ စာရင်းအား   စနစ်တကျပြုစု၍ သက်ဆိုင်ရာ   မြို့နယ်ဦးစီးမှူးရုံး  များနှင့်ချိတ်ဆက်ကာ   ရှေ့ပြေး လျှောက်လွှာများ ရယူဖြည့်သွင်း  ခြင်း၊   ကွင်းဆင်းဆောင်ရွက်နိုင် ရေးအတွက် စီစဉ်ဆောင်ရွက်ပေး ခြင်းတို့ကို ပူးပေါင်းကူညီ ဆောင် ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် သတ်မှတ် ကာလအတွင်း၊ သတ်မှတ်အရေအတွက်အတိုင်းပြီးစီးရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် ရပ်ကွက်/ ကျေးရွာအလိုက် နိုင်ငံ သားစိစစ်ရေးကတ်ပြား မပြုလုပ် ရသေးသူ နိုင်ငံသားများ မကျန်ရှိ စေရေး၊  နိုင်ငံနှင့်   ပြည်သူများ အကျိုးအတွက် မဖြစ်မနေဆောင် ရွက်ကြရမည့်     စီမံချက်အဖြစ် သတ်မှတ်ကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး တိုက်တွန်းပါ ကြောင်း       ရှင်းလင်းပြောကြား သည်။

 


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဒေါက်တာ မောင်မောင်နိုင်က   ပန်းခင်းစီမံ ချက်    အောင်မြင်ရေးအတွက် ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေး မှူးများက တက်ညီလက်ညီပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေ နေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး     ပြည်ထောင်စု ဝန်ကြီးနှင့်       တာဝန်ရှိသူများ သည်   တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်