
နောင်ချို ဩဂုတ် ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဇေယျသုခသီလရှင်စာသင်တိုက်သို့ ဆန်၊ ဆီနှင့် စားသောက်ကုန်များကို ယနေ့ နံနက် ၉ နာရီက သွားရောက်လှူဒါန်းသည်။
ဇေယျသုခ သီလရှင်စာသင်တိုက်တွင် သီလရှင် ၁၂၅ ပါးရှိပြီး ဩဂုတ် ၂၁ ရက်တွင် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ မရှိ Rapid Test ဖြင့် စစ်ဆေးခဲ့ရာတွင် အဆိုပါ ကျောင်းမှ သီလရှင် ဆရာလေး ၅၈ ပါး နှင့် ယာဉ်မောင်းတစ်ဦးတို့တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ ရှိခဲ့ကြောင်း၊ ၎င်းပိုးတွေ့လူနာများအား အဆိုပါ သီလရှင်စာသင်တိုက်အတွင်းရှိ သီလရှင်ကျောင်း ဆောင်တွင် သီးခြားထားရှိပြီး ကျန်းမာရေးဝန်ထမ်း နှစ်ဦးက ကြပ်မတ်ကုသပေးလျက်ရှိကာ လုံခြုံရေး အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆောင်ရွက်ပေး လျက်ရှိကြောင်း ၊ သီလရှင်ဆရာလေးများ၏ ဆွမ်း ကွမ်း ၊ ဝေယျာဝစ္စများကို ဈေးရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့နှင့် ဂေါပကအဖွဲ့များက စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့် အဖွဲ့ဝင်များကလည်း သီလရှင်ဆရာလေးများ အတွက် ဆန်အိတ် သုံးအိတ်၊ ဆီပုံးကြီး တစ်ပုံး၊ ကြက်ဥ အလုံး ၃၀၀ တို့ကို သွားရောက် လှူဒါန်းပေး ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရ သည်။
ထွေးငယ်(ပြန်/ဆက်)