နှစ်သစ်ဦး ဆုတောင်းစကား

 

၁၃၈၃ ခုနှစ် ကုန်ဆုံး၍ ၁၃၈၄ ခုနှစ် နှစ်သစ်မင်္ဂလာ နှစ်ဦးအခါသမယမှာ    မြန်မာပြည်သူပြည်သား၊ ကမ္ဘာသူကမ္ဘာသား အားလုံးတို့သည် ချမ်းမြေ့သာယာ ဝဖြိုးသော  သုခမင်္ဂလာအပေါင်းနှင့်   ပြည့်စုံကြ၍ ဆင်းရဲခြင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊  သတ္တဝါ အချင်းချင်း ညှဉ်းပန်းနှိပ်စက်ခြင်းတို့မှ လွတ်မြောက် ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

 


“ဝိဝါဒံ ဘယတော ဒိတွာ၊ အဝဝါဒဉ္စ ခေမတော
သမဂ္ဂါ သခိလာ ဟောထ၊ ဧသာ ဗုဒ္ဓါနုသာသနီ။”
အပဒါန ပါဠိ (ပ)၊ နှာ(၇)၊ စာပိုဒ်(၇၉)
ငြင်းခုံခြင်းကို  ဘေးအားဖြင့်ရှု၍၊   မငြင်းခုံခြင်းကို လည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် ညီညွတ်သူ ပြေပြစ်သူတို့   ဖြစ်ကြကုန်လော့၊   ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။ 

 


“ဒေါသရှေ့ထား ပြောကြားဝစီ၊ 
ရန်ဖြစ်များ၍ ဘေးများလေသည်၊
မေတ္တာပန်းကြောင့် ရွှင်လန်းသာကြည်၊
ညီညွတ်ရေး နည်းပေးဆုံးမပြီ”
ဟူသော ဘုရားဟောဒေသနာတော်အတိုင်း နှစ်သစ် မင်္ဂလာမှာ လောကကြီးကို သာယာဝဖြိုး၊ ငြိမ်းချမ်း စိုပြည်အောင် လုပ်ဆောင်နိုင်ကြသည့် မြန်မာပြည်သူ ပြည်သား၊ ကမ္ဘာသူကမ္ဘာသားတို့  ဖြစ်နိုင်ကြပါစေဟု ဆုတောင်းပတ္ထနာပြုလိုက်ပါသည်။


အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တနိမလ
(Ph.D,Buddhism)
နန္ဒာအောင်မြေကျောင်း၊ ပဓာနနာယကဆရာတော်
လိပ်ပြာကန်ကျောင်းတိုက်၊    ငါးထပ်ကြီးမြောက် ရပ်ကွက်၊  ဗဟန်းမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး