နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show) များကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်

 

နေပြည်တော်   ဒီဇင်ဘာ  ၃၀
ပြည်သူများ   အပန်းပြေစေရန်၊  ပျော်ရွှင်စေရန်နှင့်    စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့်   ဂီတဖျော်ဖြေပွဲ  (New Year Countdown Music Show)များကို   ဒီဇင်ဘာ ၃၁   ရက်နေ့ညတွင်  နေပြည်တော်၊    ရေပန်းဥယျာဉ် တွင်   လည်းကောင်း၊  ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိ အားကစား ကွင်း တွင်လည်းကောင်း ကျင်းပကြမည်ဖြစ်သည်။
အဆိုပါဖျော်ဖြေပွဲတွင်   နိုင်ငံကျော်အဆိုတော် များ  ပါဝင်တင်ဆက်ခြင်း၊  နှစ်သစ်ကူးချိန်ဖြစ်သည့် ည  ၁၂  နာရီတွင်   နှစ်သစ်ကူးပြောင်းရန်   အချိန် ရေတွက်ကြေညာ၍ Countdown ပြုလုပ်ခြင်း၊ မီးရှူး မီးပန်းများ ပစ်ဖောက်သည့် ပုံရိပ်များအား LED ဖြင့် အစားထိုးဖွင့်လှစ်   ပြသခြင်းတို့အပြင် Night Market ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်သည်။


ထိုကဲ့သို့   နေပြည်တော်  ရေပန်း ဥယျာဉ်၌   ကျင်းပမည့်    နှစ်သစ်ကို ကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွင် Unplugged တီးဝိုင်းများဖြင့် နိုင်ငံကျော် အဆိုတော်များဖြစ်သည့်  မြန်မာပြည် သိန်းတန်၊   D  ဖြိုး၊   ဂျေမိုင်းမိုင်တို့၏ ဖျော်ဖြေမှုများကို  MRTV ၏ Farmer’s Channel တွင် လည်းကောင်း၊ ရန်ကုန် မြို့   ပြည်သူ့ရင်ပြင်၌    ကျင်းပမည့် ပျော်ပွဲရွှင်ပွဲ   အစီအစဉ်တွင်  GREAT NINE MUSIC BAND ၏ တီးခတ်မှုနှင့် အတူ  နိုင်ငံကျော်အဆိုတော်များဖြစ် သည့်  အကယ်ဒမီများရှင်   ရန်အောင်၊ အကယ်ဒမီများရှင်  ရဲအောင်၊ အကယ် ဒမီများရှင်   မေသန်းနု၊    စတီရီယို တေးသံရှင် ဂျက်မြသောင်း၊   ပြည်မိုး၊ စိန်လင်း၊ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊       ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊  စိုးသီဟ၊   ရုပ်ရှင်သရုပ် ဆောင်/တေးသံရှင် ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ တူယှဉ်နွှဲပျော် ဂီတပွဲတော်မှ  စိုးထက် အောင်၊  ထွန်းပပအောင်၊   ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်၊ မျိုးဆက် သစ်တေးသံရှင်များစွာ ပါဝင်တင်ဆက် သွားမည့် ဖျော်ဖြေမှုများကို MRTV ၏ Sports Channel တွင်လည်းကောင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်း၌ နိုင်ငံကျော်အဆိုတော်များ     ပါဝင် တင်ဆက်မည့်     ဖျော်ဖြေတင်ဆက်မှု များကို MRTV ၏ Parliament Channel တွင် လည်းကောင်း၊ ဖျော်ဖြေပွဲ စတင် ချိန် ညနေ ၆ နာရီမှ အစီအစဉ်ပြီးစီး သည်အထိ တိုက်ရိုက် Live ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း၊   MRTV  HD Channel တွင် ည  ၈ နာရီ သတင်းများ အပြီးမှ စတင်၍ အစီအစဉ်ပြီးစီးချိန်အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ တွင် ကျင်းပသည့် ဂီတဖျော်ဖြေပွဲ Live Show အစီအစဉ်များကို  ပေါင်းစပ်၍ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း   သိရ သည်။                             သတင်းစဉ်