နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ    ၅


ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် က  ချီးမြှင့် အပ်နှင်းသည့်  Order of Alexander Nevsky ဘွဲ့တံဆိပ်အား  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်း ရေးမှူး Mr. Nikolai PATRUSHEV က ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုကဏ္ဍတိုးမြှင့်ရေးအတွက် ဆွေးနွေးသည်။


အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီအတွင်းရေးမှူးနှင့်အတူ     မြန်မာနိုင်ငံဆိုင်ရာ    ရုရှားနိုင်ငံ သံအမတ်ကြီး   H. E. Mr. Iskander AZIZOV   နှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။


လှိုက်လှဲနွေးထွေးစွာ ကြိုဆို


ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီအတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့ဝင်များအား မိမိအနေဖြင့် လှိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း ဦးစွာပြောကြားသည်။


ထို့နောက်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  လုံခြုံရေးကောင်စီ  အတွင်း ရေးမှူးက ယခုကဲ့သို့  မိမိတို့ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေး စွာ  ကြိုဆိုသည့်အတွက်   အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊  ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် က  ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့်  ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ  ဖွံ့ဖြိုးတိုးတက်ရေး အတွက်  တန်ဖိုးကြီးမားသောကြိုးပမ်းမှုများ  ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား Order of Alexander Nevsky ဘွဲ့တံဆိပ်ကို   လည်းကောင်း၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား Order of Friendship ဘွဲ့တံဆိပ်ကိုလည်းကောင်း ချီးမြှင့်အပ်နှင်းခဲ့ပါကြောင်း၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က    ချီးမြှင့်ခဲ့သည့်ဘွဲ့တံဆိပ်များကို    လက်ရောက်အပ်နှင်းလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေး မှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဆုတံဆိပ်ကို လက်ရောက်အပ်နှင်းသည်။


လက်ရောက်အပ်နှင်း


ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်း ရေးမှူးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ  Order of Friendship ဘွဲ့တံဆိပ်ကို လက်ရောက်အပ်နှင်းသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က   ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ  ဗလာဒီမာပူတင်က     ပေးအပ်သည့်ဘွဲ့တံဆိပ်ကို  လက်ခံရရှိသည့်အတွက်  ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားပြီး နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် အာဆီယံ ရေးရာကိစ္စရပ်များ၊ နိုင်ငံတကာနယ်ပယ်၌  ဧကဝင်ရိုး (Uni Polar) မှ  ဗဟုဝင်ရိုး (Multi Polar) အဖြစ်  ပြောင်းလဲလာပြီး  နိုင်ငံကြီးတစ်ခုတည်း မှ ကမ္ဘာကို လွှမ်းမိုးချုပ်ကိုင်မှုပြုလုပ်နိုင်မည့် အလားအလာနည်းပါး လာမှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ နိုင်ငံတကာ မျက်နှာစာ၌ မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားနိုင်မှုအခြေ အနေများ၊    ရုရှားနိုင်ငံ၏    အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ကြိုးပမ်းချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ရပ်တည် သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု    တိုးမြှင့်နိုင်မည့်အခြေအနေများ၊    နှစ်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး   ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံအကြား  သတင်း အချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊  မြန်မာ နိုင်ငံအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ အိမ်နီးချင်းနိုင်ငံ များနှင့် တိုက်ရိုက်ငွေပေးချေမှုများကို ဆောင်ရွက်လျက်ရှိသည့်အခြေ အနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားတပ်မတော် နှစ်ရပ်အကြား ရေတပ် လေ့ကျင့်ခန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်အခြေအနေများ၊  လေကြောင်းတိုက်ရိုက်ပျံသန်းမှုနှင့်  ခရီးသွားကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊  ကျန်းမာရေးကဏ္ဍ၊  စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ရေနံ နှင့်  သဘာဝဓာတ်ငွေ့ကဏ္ဍ၊   စိုက်ပျိုးရေးလုပ်ငန်းသုံး  ဓာတ်မြေဩဇာ ထုတ်လုပ်ရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့် သံမဏိထုတ်လုပ်မှုလုပ်ငန်း များ  တိုးတက်ရေးကဏ္ဍများတွင်  ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊    နှစ်နိုင်ငံ   ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများ၊  မြန်မာ နိုင်ငံမှ ပညာတော်သင်များ ရုရှားနိုင်ငံသို့ ဆက်လက်စေလွှတ်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်  ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။                                 
သတင်းစဉ်