
နေပြည်တော် စက်တင်ဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြီးစီးခဲ့သည့် အကြိမ် (၂၀)မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Van-narot ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြ ပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် နှင့်အတူ ထိုင်းဘုရင့်လေတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းဘုရင့် လေတပ် စစ်သံမှူးတို့ တက်ရောက်ကြ သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာ တွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာ့ တပ်မတော် (လေ)နှင့် ထိုင်းဘုရင့် လေတပ်အကြား ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော်နှစ်ရပ် အကြား အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေး(HLC) နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး (RBC) ကို နှစ်စဉ်ဆောင်ရွက်နေ သည့် အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည် ရေးခရီးစဉ်များ လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များကို ခင်မင် ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် ထိုင်းနိုင်ငံလေတပ် ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ခဲ့ပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်