နှစ်လအတွင်း အာဖဂန်သို့ နေရပ်ပြန်သူပေါင်း လေးသိန်းကျော်ရှိလာ

 

ကဘူးလ်   နိုဝင်ဘာ   ၁၄


အာဖဂန်ဒုက္ခသည် ၅၅၀၀ ကျော် သည်    နိုဝင်ဘာ  ၁၃  ရက်တွင် နေရပ်ပြန်လာကြကြောင်း အာဖဂန် ဒုက္ခသည်များနှင့်       နေရပ်ပြန် ရေးရာဝန်ကြီးဌာနက   နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ 


လိုအပ်သောအကူအညီပံ့ပိုး


အဆိုပါ  ထုတ်ပြန်ချက်တွင် ပါကစ္စတန်နိုင်ငံမှ        အာဖဂန် နစ္စတန်နိုင်ငံသို့ တော့ခ်ဟမ်းနှင့် စပင်းဘိုးလ်ဒါခ် နယ်စပ်ဂိတ်များ မှတစ်ဆင့် ဝင်ရောက်လာသည့် ဒုက္ခသည်ပေါင်း ၅၆၄၀ ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါနေရပ် ပြန်သူများအား လိုအပ်သောအကူ အညီများ  ပံ့ပိုးပေးထားကြောင်း သိရသည်။ 


၃၀၀၀ ကျော် နေရပ်ပြန်


အလားတူ နိုဝင်ဘာ ၁၃ ရက် တွင် အီရန်မှ အာဖဂန်ဒုက္ခသည် ပေါင်း ၃၀၀၀ ကျော် နေရပ်ပြန် လာကြကြောင်း   အဆိုပါဝန်ကြီး ဌာနက   ပြောသည်။  ပါကစ္စတန် နိုင်ငံတွင် နေထိုင်သော အာဖဂန် ဒုက္ခသည်ပေါင်း ၂ ဒသမ ၅ သန်း ရှိကြောင်း၊ ထို့အပြင် အီရန်နိုင်ငံ တွင်လည်း  ၂  ဒသမ  ၅  သန်းရှိ သည်ဟု ဆိုသည်။ 


ဒေသတွင်း     မီဒီယာများ၏ ထုတ်ပြန်ချက်များအရ      လွန်ခဲ့ သည့် နှစ်လအတွင်း နေရပ်ပြန် သည့်     အာဖဂန်ဒုက္ခသည်ပေါင်း ၄၀၀၀၀၀ ကျော်ရှိသည်။ 


ဆင်ဟွာ