
နေပြည်တော် ဖေဖော်ဝါရီ ၉
Naypyitaw State Academy (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာအစားအစာ ဈေးရောင်း ပွဲတော်နှင့်စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင် အောက်၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကိုလေးဝင်း၊ Naypyi-taw State Academy ဒုတိယ ပါမောက္ခချုပ် (စီမံ) ဒေါက်တာ နုနုလွင်နှင့် ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်၊ ရာထမ်း၊ အမှုထမ်းများ၊ ဆုရရှိကြ သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်နှင့် ဒုတိယပါမောက္ခချုပ် တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် Naypyitaw State Academy ၏ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ဒုတိယပါမောက္ခ ချုပ် (စီမံ) ဒေါက်တာနုနုလွင်နှင့် ဒုတိယပါမောက္ခချုပ် (သင်တန်း) ဒေါက်တာစိုးစိုးအောင်တို့က ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ဒုတိယဝန်ကြီး သည် Naypyitaw State Academy ၏ (၇၇) နှစ်မြောက် ပြည် ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဈေးရောင်း ပွဲတော်ရှိ ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်