Naypyitaw State Academy ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၁၉
Naypyitaw State Academy ၏ ၂၀၂၃ - ၂၀၂၄   ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်း အနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ  ဘက်စုံသုံး ခန်းမ၌ကျင်းပရာ     ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ‌‌‌ ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ Nay-pyitaw  State  Academy  ၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာဆရာမများ၊ မောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ တက္ကသိုလ်ကျောင်းသား ကျောင်းသူများက  Naypyitaw State   Academy  သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက်   ပြည်ထောင်စု ဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင် နှစ်တွင်   Naypyitaw    State Academy ၏ ပထမနှစ် သင်တန်း များသို့  ဝင်ရောက်လာကြသည့် ကျောင်းသား   ကျောင်းသူများ အားလုံးကို ပညာရေးဝန်ကြီးဌာန အနေဖြင့်ရော Naypyitaw State Academy အနေဖြင့်ပါ   လှိုက်လှဲ နွေးထွေးစွာ   ကြိုဆိုပါသည်ဟု ဦးစွာပြောကြားလိုပါကြောင်း။
Naypyitaw State Academy ကို   မြန်မာနိုင်ငံ၏    မြို့တော် နေပြည်တော်တွင် စဉ်းစားတွေးခေါ် ဖန်တီးမှုကိုအားပေးသော၊ အရည် အသွေးပြည့်ဝသည့်   သင်ကြား သင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနှင့်    တီထွင် ဆန်းသစ်မှုကို    အားပေးသည့် အဆင့်မြင့်ပညာရပ်များကို သင်ယူ ရာ    တက္ကသိုလ်တစ်ခုကို   တည် ထောင်ဖွင့်လှစ်ရန်      ဟူသော ရည်ရွယ်ချက်ဖြင့်   ၂၀၂၂    ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် တည်ထောင် ဖွင့်လှစ်ခဲ့ပါကြောင်း။
Naypyitaw State Academy ကို ထိပ်တန်းတက္ကသိုလ်  တစ်ခု အဖြစ် ဖော်ဆောင်ရာတွင် Com-prehensive   University   အနေ ဖြင့်  ရည်မှန်းထားခြင်းဖြစ်သည့် အတွက်   ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာ မဟာဌာန၊ စီးပွားရေးပညာမဟာ ဌာန၊ ဆေးသိပ္ပံပညာမဟာဌာန၊ အားကစားပညာမဟာဌာန၊ လူမှု ရေးပညာမဟာဌာနဟူ၍  မဟာ ဌာနကြီး  ခုနစ်ခုဖြင့်    ဖွဲ့စည်း တည်ထောင်ဖွင့်လှစ်ရန် စီစဉ်ထား ပါကြောင်း၊ ယခုပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊  သိပ္ပံပညာ မဟာဌာန၊ စီးပွားရေးပညာမဟာ ဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေး ပညာ မဟာဌာနဟူ၍ မဟာဌာန ငါးခုကို ဖွင့်လှစ်ထားပြီး ပထမနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဂုဏ်ထူး  တန်းပထမနှစ်၊  ဂုဏ်ထူးတန်း ဒုတိယနှစ်    သင်တန်းများတွင် ကျောင်းသား ကျောင်းသူများကို လက်ခံသင်ကြားပေးလျက်   ရှိပါ ကြောင်း။
လာမည့်   ပညာသင်နှစ်တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်ပြီး အားကစားပညာ နှင့်လူမှုရေးပညာအထူးပြုဘာသာ ရပ်များကို ထပ်မံဖွင့်လှစ်သင်ကြား ပေးရန်    စီစဉ်ထားရှိပါကြောင်း၊ ထို့ပြင်    မကြာမီအချိန်ကာလ အတွင်း   ဒီပလိုမာဘွဲ့သင်တန်း၊ မဟာဘွဲ့သင်တန်း၊    ပါရဂူဘွဲ့ သင်တန်းများကိုလည်း   တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လာမည့်ပညာ သင်နှစ်တွင် ပထမနှစ်သင်တန်းမှ  မဟာဘွဲ့သင်တန်း၊    ပါရဂူဘွဲ့ သင်တန်းများအထိ    အတန်းစုံ အောင်  ဖွင့်လှစ်သင်ကြားနိုင်မည် ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ သည် ကျောင်း၏ဂုဏ်ကိုဆောင် သည့်၊ ဘာသာရပ်၏ဂုဏ်ကိုဆောင် သည့်၊    စည်းကမ်းလိုက်နာပြီး ထူးချွန်ထက်မြက်အောင်မြင်သည့် ကျောင်းသား    ကျောင်းသူများ ဖြစ်လာကြစေလိုပါကြောင်းနှင့် နိုင်ငံနှင့်လူ့ဘောင်လောကအကျိုး ကို   သယ်ပိုးထမ်းရွက်နိုင်သည့် ပညာရှင်များ  ဖြစ်လာကြပါစေ ကြောင်း    ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ 
ယင်းနောက်    Naypyitaw State Academy ကျောင်းသား ကျောင်းသူများက “မင်းနေပြည်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မောင်မယ်သစ်လွင်ကျောင်းသားကျောင်းသူများကို   ဘာသာရပ် ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် မိတ်ဆက်ပေးပြီး  အခမ်းအနားကို အစီအစဉ်အတိုင်း    ဆက်လက် ကျင်းပခဲ့ကြကြောင်း       သိရ သည်။
သတင်းစဉ်