
နေပြည်တော် ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က နွားထိုးကြီးရဲစခန်းနှင့် ဆောက်လုပ် ရေးရုံးကို PDF အမည်ခံအကြမ်းဖက်သမားများ က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ ပြန်လည်ပစ်ခတ်မှုကြောင့် ဒရုန်း နှစ်စင်းပျက်စီးဆုံးရှုံးခဲ့ရကြောင်းနှင့် နွားထိုးကြီး မြို့နယ် ရွာကြီးရွာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြည်သူ နှစ်ဦးကို ပစ်သတ် သွားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နွားထိုးကြီးမြို့၏ အရှေ့တောင် ဘက်မီတာ ၅၀၀ ခန့်အကွာ မှ PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ကြီးဖြင့် နွားထိုးကြီးမြို့ အတွင်းသို့ပစ်ခတ်ခဲ့ရာ နွားထိုးကြီးမြို့ ဆောက်လုပ် ရေးဝင်းနှင့် အထက(မြို့မ) စာသင်ကျောင်းအကြားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းလာကြိုသည့် မိဘ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပြီး PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန် တရားမဝင်ပြည်ဖျက် မီဒီယာများမှတစ်ဆင့် လူမှုကွန်ရက်များတွင် မဟုတ် မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်