
မုံရွာ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၆ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့သို့ ရောက်ရှိရာ နန်းယွန်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒပါလထံ လှူဖွယ်ပစ္စည်း၊ စားသောက်ဖွယ်ရာများနှင့် ဝတ္ထုငွေ များကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့စုပေါင်းရုံးအစည်းအဝေး ခန်းမ၌ နာဂတိုင်းရင်းသားများ၊ ဌာနဆိုင်ရာများအား တွေ့ဆုံ ခြင်းနှင့် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်း ပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက် ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေ အနေများ၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ ရိုးရာဓလေ့နှင့် အထိမ်းအမှတ်ပွဲများအပေါ် အလေး အနက်ထားမှုအခြေအနေများကို ပြောကြားသည်။
ဆက်လက်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံနာဂတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပြီး(အပေါ်ပုံ) ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြသော နန်းယွန်းမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများထံ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်းကိုလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နန်းယွန်းမြို့၊ လဟယ်မြို့၊ လေရှီးမြို့ နယ်များအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ဆန်အိတ် ၅၀၀ နှင့် ဆိုလာမီး အစုံ၂၀၀ တို့ကို နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံ ပေးအပ် ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လုံခြုံရေးရဲတပ်ဖွဲ့များအား ငွေကျပ် ငါးသိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက နန်းယွန်းမြို့နယ် ဌာန ဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ်ငါးသိန်းကို လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်း နိုင်နိုင်ကျော်က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ငွေကျပ်ငါးသိန်းကို လည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပေးအပ်သည့် လဟယ်မြို့နယ်ရှိ ကျေးရွာသုံးရွာမှ အိမ်ထောင်စု ၂၀၂ စု၊ လူဦးရေ ၁၃၉၂ ဦးတို့အတွက် တစ်လစာ ဆန်ရိက္ခာဖိုး ငွေကျပ် ၁၂၅၂၈၀၀၀ ကိုလည်းကောင်း တာဝန်ရှိသူများထံ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးဦးက နန်းယွန်း၊ လေရှီးနှင့် လဟယ်မြို့နယ်များအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်သည့် ဆိုလာမီး အစုံ ၁၀၀ နှင့် ငွေကျပ်သိန်း ၁၀၀ တို့ကို တာဝန်ရှိသူ များ ထံ ပေးအပ်ပြီး ဒေသခံနာဂတိုင်းရင်းသူလေးများ က ရိုးရာအကဖြင့် ကပြတင်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အကအဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် နန်းယွန်းမြို့ ပြည်သူ့ဆေးရုံ ဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ ထုတ်လုပ်နေမှုတို့ ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နန်းယွန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြ သော ဒေသခံနာဂတိုင်းရင်းသားများအား စားသောက် ဖွယ်ရာများပေးအပ်ပြီး ဆေးရုံတွင်း တာဝန်ထမ်း ဆောင်နေကြသော ဆရာဝန်၊ သူနာပြုများနှင့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ငွေကျပ်ငါးသိန်းတို့ကို ပေးအပ်ကြောင်း သိရ သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)