မယ်ဟောက်ချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

တာချီလိတ် မတ် ၂၃


တောင်ကြီးမြို့ တာချီလိတ်မြို့ နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဆီဝန်းထောင်းကျေးရွာ   အနီး B.R.P - 34 နှင့် B.R.P-31 အကြား တွင် မယ်ဟောက်ချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း  ဆောင် ရွက်နေမှုကို မတ် ၂၂ ရက် နံနက် ၈ နာရီခွဲက     ရှမ်းပြည်နယ်ဝန်ကြီး ချုပ်     ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်း မှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ပြည်နယ်  ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးရာ   လုပ်ငန်းတာဝန်ခံက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်မှာကြားကာ မယ်ဟောက်ချောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


ဆက်လက်၍ တာချီလိတ်မြို့ ခရိုင်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန     အစည်းအဝေးခန်းမ၌ ကျင်းပသော      ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု     လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့   ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း    တက် ရောက်   အမှာစကားပြောကြား ရာ   ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ဆောင်ရွက်ပေးရန် လျာ ထားချက် ၅၄၀၆၃ ဦးရှိရာမှာ ၂၀၂၂ ခုနှစ်  မတ် ၁၃ ရက်အထိ ၄၇၄၃၀  ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၆၆၃၃ ဦး  ဆောင်ရွက်ပေးရန် ကျန်ရှိနေကြောင်း၊ ပြီးစီးမှုရာခိုင် နှုန်းအနေဖြင့် ၈၇ ဒသမ ၇၃ တွေ့ ရှိရပါကြောင်း၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပန်းခင်းစီမံချက်ဖြင့် ယနေ့ပေးအပ်သည့် အခမ်းအနား မှာ   ကတ်ပြားပေါင်း ၂၄၆၆ ကတ်နှင့် အိမ်ထောင်စု ၂၁၃ စုကိုပေးအပ်သွားမည်ဖြစ်ကြောင်း၊တာချီလိတ်ခရိုင်     တာချီလိတ် မြို့နယ်တွင်လည်း    တာလေ၊ ကျိုင်းလပ်အပါအဝင် ရပ်ကွက် ၁၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၃၁၅ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၁၉၀၀၀၀ ကျော်နေထိုင်လျက်ရှိသည့်  တာချီ လိတ်မြို့နယ်သည်    စီမံချက် လျာထားဦးရေ ၆၅၈၁ ဦး ဆောင် ရွက်ပေးရမည်ဖြစ်သော်လည်းသတ် မှတ်ကာလမတိုင်မီ ၁၁ လအတွင်း အိမ်ထောင်စုလူဦးရေ စာရင်း ၆၁၀ နှင့် ကိုင်ဆောင်လက်မှတ် ၆၈၁၃ ထိ   ရာနှုန်းပြည့်ကျော်လွန်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေး အတွက်   ထုတ်ပြန်ထားသော ကန့်သတ်ချက်များနှင့်  အခြား သော အခက်အခဲများကြားမှ  ၁၁ လအတွင်း      စီမံချက်လျာထား ချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင် ရေးအတွက်     အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ခဲ့သည့် ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ် မြို့နယ် ရုံးဝန်ထမ်းများအား မှတ် တမ်းတင်ဂုဏ်ပြုပါကြောင်း  ပြော ကြားသည်။


  ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်၊       တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများပေးအပ်ကြပြီးဒေသခံတိုင်းရင်းသားများ ကိုယ် စားပြည်သူတစ်ဦးက  ကျေးဇူး တင်စကား     ပြောကြားကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)
n