
နေပြည်တော် နိုဝင်ဘာ ၃
MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းများကို Digital Platform ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်စနစ် ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခမ်း အနားသည် ဆန်စပါးကဏ္ဍကို ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့ လုပ်ငန်းစဉ်များအပေါ် ကောင်းသည်ထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ကျင်းပသည့် Myanmar Rice Online(MyRO) Website မိတ်ဆက် ပွဲအခမ်းအနား(Go-Live Cerem-ony) နှင့် MyRO တွင် ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေး ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ယနေ့ကျင်းပသည့် MyRO Website မိတ်ဆက်ပွဲနှင့် MyRO ၌ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ် ရှင်းလင်း ဆွေးနွေးပွဲသည် မြန်မာ့ဆန်စပါး ညီလာခံ ၂၀၂၂ တွင် ဖော်ထုတ်ခဲ့ သော ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် တောင်သူ များအတွက် သီးနှံအာမခံစနစ် တည်ထောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မူဝါဒပိုင်းတည်ငြိမ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လုပ်သာ ကိုင်သာရှိသည့် ပတ်ဝန်းကျင် ကောင်းများကို ဖန်တီးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီးနိုင်ငံ့စီးပွာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားကြစေ လိုကြောင်းပြောကြားခဲ့သည်။
တောင်သူများ အကျိုးအမြတ် ရရှိရေး ဆောင်ရွက်ပေးလျက်ရှိ
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မိမိတို့ဝန်ကြီးဌာန အနေဖြင့် တောင်သူလယ်သမား များ အကျိုးအမြတ်ရရှိရေး၊ ဝယ်ယူ ကြိတ်ခွဲသူများနှင့် ကုန်သည် လုပ်ငန်းရှင်များအတွက် ထိုက်သင့် သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူပြည်သူများ ဝန်ထုပ် ဝန်ပိုးမဖြစ်စေရေး၊ ပြည်တွင်း ဖူလုံမှုရှိစေရေးနှင့် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြု သည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေး ပွဲကျင်းပခဲ့ပြီး ဆက်လက်ဆောင် ရွက်သင့်သည့် လုပ်ငန်းစဉ် ၁၂ ရပ် ကို ဖော်ထုတ်ခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြု သည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက် ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့ မှုစနစ် ဆောင်ရွက်မည့် အစီအမံ များရေးဆွဲခြင်း၊ မူဝါဒများချမှတ် ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန် ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ် ထူထောင်ခြင်း၊ အစပျိုးစမ်းသပ် ကာလ (Pilot Project) အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင် ရုံတည်ဆောက် ရင်းနှီးမြှုပ်နှံလို သည့် ပြည်တွင်း/ ပြည်ပ လုပ်ငန်း ရှင်များကို အားပေးကူညီခြင်း စသည့် လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း။
မှတ်ပုံတင်လုပ်ငန်းများ အချိန်တို
အတွင်း ဆောင်ရွက်နိုင်မည်
Pilot Project အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည် တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် စီစဉ် လျာထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ MyRO တွင် တောင်သူ များ၊ ကုန်သည်များ၊ ဆန်စက် လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့သူ များ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံး သူများအပါအဝင် ဆန်စပါး လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေ သူများအတွက် တစ်နေရာတည်း တွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင် သည့် လုပ်ငန်းများကို လွယ်ကူ ရိုးရှင်းစွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည် တော်၊ တိုင်းဒေသကြီး/ ပြည်နယ် များမှ စီးပွားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့မှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်