
နေပြည်တော် နိုဝင်ဘာ ၁၅
၂၀၂၂ ခုနှစ် Myanmar National League နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ Myanmar National League နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV - HD ၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့တွင် ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှစတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်