Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   မတ်   ၂၃ 


Myancopharm  ကိုဗစ်-၁၉   ရောဂါ    ကာကွယ်ဆေး   စတင်ထုတ်လုပ်မှုနှင့်    မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက    ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ     ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) ၌ ကျင်းပသည်။

 


အခမ်းအနားသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး   အောင်လင်းဒွေး၊    စက်မှုဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ    ချာလီသန်း၊     ကျန်းမာရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာ     သက်ခိုင်ဝင်း၊   ရန်ကုန် တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်    ညွန့်ဝင်းဆွေ၊  စက်မှု ဝန်ကြီးဌာနမှ    ဒုတိယဝန်ကြီး          ဦးကိုကိုလွင်နှင့် ဦးရင်မောင်ညွန့်၊    ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး များ၊    ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း) ဆေးဝန်ထမ်း   ညွှန်ကြား ရေးမှူးရုံး     ညွှန်ကြားရေးမှူး     ဗိုလ်ချုပ် ကိုကိုလွင်၊  မြန်မာနိုင်ငံ ဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတ နိုင်ငံ   သံအမတ်ကြီး    မစ္စတာ ချန်းဟိုင်၊  ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်   စက်မှု ဝန်ကြီးဌာနမှ    တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ      နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ  အတွင်း ရေးမှူး        ဒုတိယဗိုလ်ချုပ်ကြီး  အောင်လင်းဒွေးက  ယခုလာမည့် ဧပြီလနှင့်  မေလတွင် ကာကွယ် ဆေး ထိုးနှံရမည့်သူ အားလုံးကို   ၁၀၀% ပြည့်မီအောင်ထိုးနှံနိုင်ရေး  ကြိုးစားဆောင်ရွက်လျက်   ရှိပါ ကြောင်း၊ ကာကွယ်ဆေး စွမ်းအား မြှင့် “Booster Dose” ထိုးနှံနိုင်ရေး အတွက်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံလိုအပ် နေမည်ဖြစ်၍  နိုင်ငံတော်ဝန်ကြီး ချုပ်၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ  ၈   ရက်တွင်    ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး)   သို့    လာရောက်ခဲ့ သည့် ခရီးစဉ်အတွင်း ကိုဗစ်-၁၉ ရောဂါ      ကာကွယ်ဆေးများကို ပြည်တွင်း၌     ထုတ်လုပ်နိုင်ရေး ကြိုးပမ်း     ဆောင်ရွက်သွားရန် လမ်းညွှန်    မှာကြားခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များအား ရေတိုစီမံချက်အနေဖြင့် Sinopharm   China     National Biotec Group မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို Ready to Fill Bulk အနေဖြင့်  ဝယ်ယူ၍ ပုလင်းသွင်းဖြည့်တင်း ခြင်းကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့သည့်အတွက်  ယနေ့အချိန် အခါတွင်      Myancopharm ကိုဗစ်-၁၉   ရောဂါ   ကာကွယ် ဆေးကို    စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း    အခမ်းအနားကို အောင်မြင်စွာ    ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း။

 


ပုလင်းသွင်း   ဖြည့်တင်းခြင်း ဆောင်ရွက်သည်ဟု    ဆိုသော် လည်း ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ထိုသို့ ဆောင်ရွက်နိုင်ရန် ကြိုးပမ်း လျက်ရှိရာ  အာဆီယံ ဒေသတွင်   မြန်မာနိုင်ငံအပါအဝင်  ငါးနိုင်ငံ ဆောင်ရွက်နိုင်ခဲ့ပြီး  Sinopharm ကာကွယ်ဆေးအား ပုလင်းသွင်း ဖြည့်တင်းခြင်း  (Fill-Finish)  ကို ကမ္ဘာပေါ်တွင်    လေးနိုင်ငံတည်း လုပ်ဆောင်     နိုင်ခဲ့ပါကြောင်း၊ တရုတ်    ပြည်သူ့သမ္မတနိုင်ငံ Sinopharm   CNBG     ကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်မှု      နည်းစဉ်များနှင့် အရည်အသွေး စမ်းသပ်စစ်ဆေး မှု    နည်းစဉ်များကို      သင်ကြား လေ့ကျင့်ပေးခဲ့ပြီး     ယခုကဲ့သို့ Myancopharm  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်တွင်း၌ အောင်မြင်စွာ    ဆောင်ရွက်နိုင်မှု သည် ကာကွယ်ဆေး ထုတ်လုပ်မှု နည်းစဉ်များ     ရရှိခဲ့ရုံသာမက နိုင်ငံခြားငွေ       သုံးစွဲမှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါကြောင်း။

 


ထုတ်လုပ်မည်


ယခု   ထုတ်လုပ်ထားရှိသည့် Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဆေးပုလင်း  တစ်လုံးလျှင်     လူ      ငါးဦးစာ (5 Doses) ဖြစ်၍ အပူချိန်(2-8°C)အတွင်း   ထားရှိရန်      လိုအပ်ပြီး ဆေး၏   သက်တမ်းမှာ   တစ်နှစ် ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့်   လစဉ်ကာကွယ်ဆေး  Doses တစ်သန်းနှုန်းဖြင့် ၂၀၂၂-၂၀၂၃-ခု     ဘဏ္ဍာနှစ်    အတွင်း ကာကွယ်ဆေး Doses  ၁၀ သန်း ထုတ်လုပ်သွားမည်        ဖြစ်ပြီး ထုတ်လုပ်ပြီးသည့် ကာကွယ်ဆေး များ   အားလုံးကို   ကျန်းမာရေး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်သူ လူထုထံသို့ ကာကွယ်ဆေး ထိုးနှံ ရေး ဆောင်ရွက်သည့်အစီအစဉ်၌ ထည့်သွင်းအသုံးပြုသွားရန် စီစဉ် ထားရှိပါကြောင်း။ 

 


ယခုအခါ      မြန်မာနိုင်ငံ၌ ပြည်သူများ၏          ကျန်းမာရေး စောင့်ရှောက်မှု   ကဏ္ဍတွင်     မရှိ မဖြစ်   လိုအပ်သော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးဝါး စက်ရုံ (အင်းစိန်) ၏ ကြီးကြပ်မှု အောက်ရှိ ဆေးဝါးစက်ရုံခွဲ (ရွာသာ ကြီး)   တွင်    ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ရာ ကာကွယ်ဆေး ထုတ်လုပ် နိုင်ရေးအတွက်  အဘက်ဘက်မှ ပူးပေါင်းကူညီ  ဆောင်ရွက်ပေး ခဲ့ကြသည့် ဝန်ကြီးဌာနအသီးသီး မှ   တာဝန်ရှိသူများနှင့်   ပညာရှင် များ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ   ဝိုင်းဝန်း   ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို    အထူး ကျေးဇူးတင်ရှိပါကြောင်း     နှင့် ရေရှည်တွင်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး   ထုတ်လုပ်မှုကို  အစအဆုံး ပြည်တွင်း၌ ထုတ်လုပ်  နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန အနေဖြင့်      ကျန်းမာရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန တို့နှင့်    သုတေသနလုပ်ငန်းများ အား    ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း      ပြောကြား သည်။ 

 


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့        သမ္မတနိုင်ငံ သံအမတ်ကြီး  မစ္စတာ  ချန်းဟိုင် က   အမှာစကား    ပြောကြားပြီး  Sinopharm    Group    ဥက္ကဋ္ဌ  Mr. Liu Jingzhen  နှင့်  အဖွဲ့က Video Conferencing ဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာ  ချာလီသန်း နှင့်    ဒေါက်တာ   သက်ခိုင်ဝင်း၊   တရုတ်ပြည်သူ့       သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊   တိုင်းဒေသကြီး         ဝန်ကြီးချုပ် ဦးစိုးသိန်း၊  တိုင်းမှူး   ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်   ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး    ညွှန်ကြား ရေးမှူး ဗိုလ်ချုပ် ကိုကိုလွင် တို့က  Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထုတ်လုပ် မှုနှင့်    မိတ်ဆက်ခြင်း     အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

 


စက်ခလုတ်နှိပ်ဖွင့်

 

ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အတွင်း ရေးမှူး          ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက Myancoph-arm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး      စတင်ထုတ်လုပ်မှုနှင့် မိတ်ဆက်ခြင်း   အခမ်းအနားကို စက်ခလုတ်နှိပ်၍       ဖွင့်လှစ်ပေး သည်။

 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်းက  Myancopharm ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ကူညီ      ဆောင်ရွက်ပေးခဲ့သော  မြန်မာနိုင်ငံဆိုင်ရာ     တရုတ် သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အား    လည်းကောင်း၊ ပြည် ထောင်စုဝန်ကြီး       ဒေါက်တာ သက်ခိုင်ဝင်း က Myancopharm ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထုတ်လုပ်ရာတွင်     ပါဝင်ဆောင် ရွက်ပေးခဲ့သော       Sinopharm CNBG မှ ပညာရှင်များအား လည်း ကောင်း၊ ဆေးဝန်ထမ်း ညွှန်ကြား ရေးမှူးရုံး    ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်က Myanco-pharm    ကိုဗစ်-၁၉     ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် ဆောင်ရွက်ခဲ့သည့် မြန်မာ့ဆေးဝါး လုပ်ငန်းမှ     ဝန်ထမ်းများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်း လွှာနှင့် အမှတ်တရလက်ဆောင် များ ပေးအပ်သည်။

 


ကြည့်ရှုလေ့လာ


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       အတွင်း ရေးမှူး       ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊    ပြည်ထောင်စု ဝန်ကြီးများနှင့် အခမ်းအနားတက် ရောက်လာကြသည့်  ဧည့်သည် တော်များက    Myancopharm ကိုဗစ်-၁၉    ရောဂါ   ကာကွယ် ဆေး   ထုတ်လုပ်နေမှု    နည်းစဉ် အဆင့်ဆင့်တို့ကို     လှည့်လည် ကြည့်ရှုလေ့လာကြသည်။

 သတင်းစဉ်