မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

 

မြဝတီ           ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့      ပို့ကုန်တင်ပို့မှု အနေဖြင့် ၁၃-၆-၂၀၂၃ ရက်နေ့မှ ၁၆-၆-၂၀၂၃ ရက်နေ့ထိ လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့်    CMP ပစ္စည်းများ တင်ပို့မှုရှိသည်။
စားသောက်ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့
လယ်ယာ         ထွက်ကုန်ပစ္စည်း များ တင်ပို့မှုမှာ နှမ်း၊  ဂေါ်ဖီထုပ်၊ ငရုတ်၊    ကြက်သွန်နီ၊      ပြောင်း၊ မန်ကျည်းသီး၊             ကွမ်းသီး၊ ဒန့်သလွန်သီးစေ့၊       ဆီးဖြူသီး ခြောက်၊      နနွင်း၊       မိဿလင်၊ ရှားစောင်းပင်ခြောက်နှင့်    ဖန်ခါး သီးခြောက်တို့            ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများမှာ    ဂုံး၊ ခရု၊    ပုစွန်၊  ငါးမြွေထိုး၊   ကဏန်း အရှင်၊   ငါးခွေးလျှာ၊     သဲကဏန်း၊ ဝသုံးလုံးကဏန်း၊    ငါးသလောက် နှင့် ငါးဓားလွယ်တို့ဖြစ်ပြီး   CMP တင်ပို့မှုမှာ  အမျိုးသား/    အမျိုး သမီးဝတ်            အထည်အလိပ်များ တင်ပို့လျက်ရှိသည်။      ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်           စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများကို တွင်ကျယ်စွာ        ဆောင်ရွက်လာ ခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်    လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင် နှစ်ကထက်    ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
ပို့ကုန်များ
ဆောင်ရွက်‌ပေး
ပုပ်သိုး       ပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့်              ငရုတ်များကို အမြန်          တင်ပို့နိုင်ရေးအတွက်    ကုန်သွယ်ရေးဇုန်မှ        အချိန်နှင့် တစ်ပြေးညီ  ဆောင်ရွက်ပေးလျက် ရှိသည်။
ကုန်ပစ္စည်းများ ပိုမိုတင်သွင်း
သွင်းကုန်အနေဖြင့် တိရစ္ဆာန် အစာ၊ စက်ဘီး၊  စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊  အဝတ်အထည်၊ ဆောက်လုပ်ရေး           လုပ်ငန်းသုံး ပစ္စည်း၊           ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊     ငါးဖမ်းကိရိယာ၊ စားသောက်ကုန်ပစ္စည်း၊   ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊     သစ်သီး၊ အထည်အလိပ်၊    အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊   တိရစ္ဆာန်အရှင် (ဘဲသားပေါက်)၊            စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးပစ္စည်း၊          အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊           ကုန်ကြမ်း ပစ္စည်း၊          အားကစားပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊       စက်ဆီ/ ချောဆီ၊      အလှကုန်ပစ္စည်းနှင့် ဓာတ်မြေဩဇာတို့           တင်သွင်း လျက်ရှိသည်။  ငွေစျေးနှုန်းအနေ ဖြင့် ယခင်အပတ်က    တစ်ဘတ် လျှင်  ၈၅ ဒသမ ၁၁  ကျပ်ရှိခဲ့ပြီး ယခုအပတ်တွင်လည်း ဘတ်စျေး ပြောင်းလဲမှု           မရှိသော်လည်း ကုန်ပစ္စည်းများကို ပိုမိုတင်သွင်း လျက်ရှိကြောင်း သိရသည်။