မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ်  ( ၇၅၉ /၂၀၂၃ )
၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း  ၁  ရက် 
( ၂၀၂၃  ခုနှစ်၊ ဒီဇင်ဘာလ  ၁၃   ရက် )
ပြည်ထဲရေးဝန်ကြီးဌာနသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ ပုဒ်မခွဲ (က)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
(ယမန်နေ့မှအဆက်)
၁၃။    မူးယစ်ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲစေသော    ဆေးဝါးများ
ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၁၂ ကို အောက်ပါအတိုင်း အစား
ထိုးရမည်- 
“၁၂။     တာဝန်ခံဆရာဝန်သည်              ဆေးဝါးသုံးစွဲသူများအား
        ဆေးကုသ    ပေးခြင်းနှင့်   စပ်လျဉ်းသည့်   အစီရင်ခံစာကို 
        ကုသရေးဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီပြုစုပြီး ဗဟို 
        အဖွဲ့နှင့် ဆေးကုသရေးအဖွဲ့သို့ အစီရင်ခံရမည်။”
၁၄။        မူးယစ်ဆေးဝါးနှင့်       စိတ်ကိုပြောင်းလဲစေသော     ဆေးဝါးများ
ဆိုင်ရာ နည်းဥပဒေများ၊  နည်းဥပဒေ     ၁၃  ကို    အောက်ပါအတိုင်း
အစားထိုးရမည်-
    “၁၃။  (က)    ဆေးဝါးသုံးစွဲသူ    ကုသရေးဌာနများမှအပ   အခြား
                    ဆေးရုံ၊ဆေးခန်း၊ ဆေးကု ဂေဟာ     သို့မဟုတ်    အခြားနေရာ  တစ်ခုခုရှိ     ဆရာဝန်တစ်ဦးဦးသည် 
                        ၎င်းထံသို့    ဆေးဝါးကုသရန်  ရောက်ရှိလာသော ဆေးဝါးသုံးစွဲသူကို တွေ့ရှိလျှင် သက်ဆိုင်ရာ ဆေးဝါး သုံးစွဲသူကုသရေးဌာနသို့    သွားရောက်ကုသရန် ညွှန်ကြားပေးရမည်။ 
        ( ခ )    ဆေးဝါးသုံးစွဲသူကုသရေးဌာနများမှအပ  အခြား ဆေးရုံ၊  ဆေးခန်း၊ ဆေးကုဂေဟာ  သို့မဟုတ်  အခြား 
                    နေရာတစ်ခုခုတွင် ခွင့်ပြုချက်မရှိဘဲ  ဆေးဝါးသုံးစွဲ သူအား ဆေးဝါးကုသပေးလျှင်  ကျန်းမာရေးဝန်ကြီး ဌာနက   လိုအပ်သလို  အရေးယူဆောင်ရွက်ရမည်။    သို့ရာတွင်    ဆေးစွဲလူနာတစ်ဦးအား    အရေးပေါ် အသက်ကယ်ကုသခြင်းနှင့် မသက်ဆိုင်စေရ။”
၁၅။    မူးယစ်ဆေးဝါးနှင့်     စိတ်ကိုပြောင်းလဲစေသော     ဆေးဝါးများ
ဆိုင်ရာ    နည်းဥပဒေများ၊   နည်းဥပဒေ ၁၅ နည်းဥပဒေခွဲ (ဂ) ကို
အောက်ပါအတိုင်း အစားထိုးရမည်- 
“(ဂ)    ပြန်လည်ထူထောင်ရေးသင်တန်း      တက်ရောက်ပြီးသူ များအား ၎င်းတို့တတ်စွမ်းသည့်  ပညာဖြင့်   အသက်မွေး ဝမ်းကျောင်းမှုပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့်ညှိနှိုင်း၍ ပြန်လည်နေရာချထားပေးခြင်း နှင့်     ဆေးဝါးပြန်လည်သုံးစွဲမှု     မဖြစ်ပေါ်ရေးအတွက် ဆက်လက်စောင့်ရှောက်ခြင်း၊” 
၁၆။    မူးယစ်ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများ
ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၁၇ တွင်-
(က)    နည်းဥပဒေခွဲ (ခ) ကို ပယ်ဖျက်ရမည်။
( ခ )    နည်းဥပဒေခွဲ (ဃ) ၏နောက်တွင် နည်းဥပဒေခွဲ (င) နှင့် (စ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
        “(င)        ဥပဒေပုဒ်မ    ၁၅   အရ    လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်စေသော ဆေးဝါးသုံးစွဲသူအား လိုအပ် ပါက ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့ဆောင်ရန် သက်ဆိုင်ရာ   မြို့နယ်မူးယစ်ဆေးဝါးနှင့်    စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
         (စ)        ဆေးဝါးသုံးစွဲသူအား     အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်။”
၁၇။    မူးယစ်ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများ 
ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၁၇ ၏နောက်တွင် နည်းဥပဒေ
၁၇-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
    “၁၇-က။(က)    မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ရဲစခန်းမှူးသည်
                            လူမှုအကျိုးပြုလုပ်ငန်း        ဆောင်ရွက်သော 
                            ဆေးဝါးသုံးစွဲသူအား      ပြန်လည်ထူထောင်ရေး 
                            စခန်းသို့      ပြန်လည်ပို့ဆောင်ရန်   လိုအပ်ပါက 
                            မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ
                            သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်
                            ရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။”
                   (ခ)     မြို့နယ်မူးယစ်ဆေးဝါးနှင့်      စိတ်ကိုပြောင်းလဲ 
                            စေသော      ဆေးဝါးများအန္တရာယ်      တားဆီး 
                            ကာကွယ်ရေးအဖွဲ့သည်    နည်းဥပဒေခွဲ (က) 
                            အရ ဖြစ်စေ၊ နည်းဥပဒေ ၁၇ နည်းဥပဒေခွဲ (င)
                            အရဖြစ်စေ ညှိနှိုင်းချက်နှင့်စပ်လျဉ်း၍ ဆေးဝါး 
                            သုံးစွဲသူအား   ပြန်လည်ထူထောင်ရေးစခန်းသို့
                            ပို့ဆောင်ရန် လိုအပ်သလို စီမံဆောင်ရွက်ရမည်။”
၁၈။    မူးယစ်ဆေးဝါးနှင့်      စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများ
ဆိုင်ရာ နည်းဥပဒေများ အခန်း (၃)၊ ပြန်လည်ထူထောင်ခြင်းအခန်းတွင်
ပါရှိသော မူလနည်းဥပဒေ ၁၈ ကို ပယ်ဖျက်ရမည်။ 
၁၉။    မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲစေသော    ဆေးဝါးများ
ဆိုင်ရာ  နည်းဥပဒေများ  အခန်း (၃) ၏ နောက်တွင် အခန်း (၃-က)၊ 
အခန်းခေါင်းစဉ်၊  နည်းဥပဒေ ၁၈ နှင့် ၁၈-က တို့အဖြစ် အောက်ပါ
အတိုင်း ဖြည့်စွက်ရမည်- 
“အခန်း (၃-က)
လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်စေခြင်း
    ၁၈။    (က)    ပြန်လည်ထူထောင်ရေးစခန်း       တာဝန်ခံသည် ဆေးဝါးသုံးစွဲသူ လိုက်နာရမည့် ညွှန်ကြားချက်များ နှင့် စည်းကမ်းချက်များကို စခန်းအလိုက် ပြန်လည် ထူထောင်ရေးဦးစီးဌာန၏       အတည်ပြုချက်ဖြင့် သတ်မှတ်ထုတ်ပြန်နိုင်သည်။
        ( ခ )    ဆေးဝါးသုံးစွဲသူသည် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ထားသည့်ကာလအတွင်း   စခန်းကထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရမည်။
        ( ဂ )    ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် ဆေးဝါးသုံးစွဲ သူအား   ပြန်လည်ထူထောင်ရေးစခန်း၌   ပြန်လည် ထူထောင်ခြင်းပြုလုပ်ပေးရမည့်ကာလကို ခြောက်လ သတ်မှတ်ဆောင်ရွက်ရမည်။
        (ဃ)    ပြန်လည်ထူထောင်ရေးစခန်းသို့  ပို့အပ်ထားသော ဆေးဝါးသုံးစွဲသူအား ပြန်လည်ထူထောင်ရေး ကာလ အတွင်း ဆေးကုသမှုနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုအတွက်  ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည်။
      ၁၈-က။(က)        သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေး စခန်းတာဝန်ခံ သည် စခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက် သို့မဟုတ် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် သည့်    ဆေးဝါးသုံးစွဲသူကို   ၎င်းဖောက်ဖျက်သော ညွှန်ကြားချက် သို့မဟုတ် စည်းကမ်းချက်များဖော်ပြ၍ သက်ဆိုင်ရာ မြို့နယ်တရားရုံးသို့ လျှောက်ထားရမည်။
        ( ခ )    တရားရုံးသည်  လျှောက်ထားခြင်းခံရသူအား လူမှု အကျိုးပြုလုပ်ငန်းများကို  ကိုယ်တိုင်လုပ်အားဖြင့် သတ်မှတ်ထားသည့်နေရာ၌   သတ်မှတ်ထားသည့် အချိန်ကာလအတွင်း အခမဲ့လုပ်ဆောင်ရန်  အမိန့် ချမှတ်နိုင်သည်။
        ( ဂ )    အမိန့်ချမှတ်ခြင်းခံရသူသည် တရားရုံးကချမှတ်သည့် လူမှုအကျိုးပြုလုပ်ငန်းများကို သက်ဆိုင်ရာ ပြန်လည် ထူထောင်ရေးစခန်း၌   နေထိုင်ရမည့်ကာလ  ပြီးဆုံး သည့်နေ့၏ နောက်ရက်တွင် စတင်ဆောင်ရွက်ရမည်။
        (ဃ)     တရားရုံးသည် လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်ရန် အမိန့်ချမှတ်ခြင်းခံရသူအား    ကြီးကြပ်မှုပေးနိုင်ရန် သက်ဆိုင်ရာမြို့နယ်    မူးယစ်ဆေးဝါးနှင့်    စိတ်ကို ပြောင်းလဲစေသော   ဆေးဝါးများအန္တရာယ်    တားဆီး ကာကွယ်ရေးအဖွဲ့သို့ စာဖြင့် အကြောင်းကြားရမည်။
        ( င )    မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ သည် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ရန်   အမိန့် ချမှတ်ခြင်းခံရသူအား   ကြီးကြပ်မှုပေးနိုင်ရန်   လူမှု အကျိုးပြုလုပ်ငန်းဆောင်ရွက်မှု ကြီးကြပ်ရေးအဖွဲ့က တာဝန်ပေးအပ်ထားသည့်ဌာနသို့ စာဖြင့် အကြောင်း ကြားရမည်။
        ( စ )    လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင်းကို ကြီးကြပ်ရန် တာဝန်ပေးအပ်ခံရသည့်    ဌာနသည်   တရားရုံးက အမိန့်ချမှတ်ခြင်းခံရသူ၏  လုပ်ဆောင်ရမည့် လူမှု အကျိုးပြုလုပ်ငန်းများဆောင်ရွက်မှု အခြေအနေကို မြို့နယ်မူးယစ်ဆေးဝါးနှင့်        စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးအဖွဲ့သို့ ပြန်လည်တင်ပြရမည်။”
၂၀။    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ
နည်းဥပဒေများ၊ နည်းဥပဒေ ၂၁ ကို အောက်ပါအတိုင်း အစားထိုးရမည်- 
“၂၁။    အများပြည်သူတို့ ဝင်ထွက်သွားလာခြင်း  မပြုနိုင်သော နေအိမ်၊    အဆောက်အအုံ၊    နေရာ၊   ယာဉ်တစ်ခုခုတွင် ပြစ်မှုတစ်ခုခုကိုကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားထုတ်ကြောင်း     လုံလောက်သည့်အကြောင်းရှိလျှင် ဖြစ်စေ၊ ဥပဒေနှင့်ဆန့်ကျင်သည့် ဆေးဝါး သို့မဟုတ် ပြစ်မှု နှင့်သက်ဆိုင်သည့် ပစ္စည်းကို ထားရှိကြောင်း သို့မဟုတ် လျှို့ဝှက်ထားကြောင်း     ယုံကြည်ရန်    လုံလောက်သည့် အကြောင်းရှိလျှင်ဖြစ်စေ ထိုနေအိမ်၊ အဆောက်အအုံ၊ နေရာ၊ ယာဉ်ကို ရှာဖွေရန်- 
        (က)     အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးက ရှာဖွေရေးအရာရှိအား ရှာဖွေအမိန့် ထုတ်ပေး၍ ရှာဖွေစေနိုင်သည်- 
(၁)    မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်ဖြစ်လျှင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ      ရဲဦးစီးအရာရှိချုပ် သို့မဟုတ် မှုခင်းနှင့်ဥပဒေရေးရာဌာနကြီးမှ ဌာနကြီးမှူး၊           နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး    သို့မဟုတ်     ဒုတိယတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့ မှူး၊ ဒုတိယတပ်ဖွဲ့မှူး သို့မဟုတ် သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး      သို့မဟုတ်    သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊
(၂)    နယ်ခြားစောင့်ရဲ           ကွပ်ကဲမှုအဖွဲ့အတွက် ဖြစ်လျှင်   ကွပ်ကဲရေးမှူး  သို့မဟုတ် ဒုတိယ ကွပ်ကဲရေးမှူး သို့မဟုတ် ကွပ်ကဲမှုအဖွဲ့ခွဲမှူး သို့မဟုတ် တပ်ဖွဲ့ခွဲမှူး၊
(၃)    မှုခင်းရဲတပ်ဖွဲ့နှင့်     သတင်းရဲတပ်ဖွဲ့အတွက် ဖြစ်လျှင်    တပ်ဖွဲ့မှူး   သို့မဟုတ်      ဒုတိယ တပ်ဖွဲ့မှူး သို့မဟုတ် တပ်ဖွဲ့ခွဲမှူး၊
(၄)    အကောက်ခွန်ဦးစီးဌာနအတွက်ဖြစ်လျှင်-
(ကက)    ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်
        ပါက               ညွှန်ကြားရေးမှူးချုပ်
        သို့မဟုတ် ညွှန်ကြားရေးမှူးချုပ်က
        အခွင့်အာဏာ    အပ်နှင်းထားသည့်
        ညွှန်ကြားရေးမှူး၊
( ခခ )      ကျန်တိုင်းဒေသကြီး        သို့မဟုတ်
        ပြည်နယ်        ရုံးစိုက်ရာမြို့များနှင့်
        နေပြည်တော်တွင် ညွှန်ကြားရေးမှူး၊
( ဂဂ )    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
        ညွှန်ကြားရေးမှူး         ရုံးစိုက်ရာမြို့
        မဟုတ်သည့်          မြို့နယ်များတွင်
        မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး၊
(ဆက်လက်ဖော်ပြပါမည်)