
မူဆယ် ဖေဖော်ဝါရီ ၂၃
တရုတ် / မြန်မာ ကုန်သွယ်မူ အဓိကလမ်းကြောင်း တစ်ခုဖြစ် သည့် မန်ဝိန်းဂိတ်ကို ဖေဖော် ဝါရီလကုန်မှ မတ်လအတွင်း ပြန်ဖွင့်နိုင်ခြေရှိကြောင်း သတင်း များ ထွက်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ မူဆယ်နယ်စပ်ဒေသ တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ကို မေးမြန်း စုံစမ်းသည့်အခါ မတ်လလယ်ခန့် တွင် ဖွင့်မည်ဆိုသည့် သတင်းများ ထွက်နေသော်လည်း ကြိုတင် ပြင်ဆင်မှုများ မတွေ့ရသည့် အတွက် ဘာမှပြော၍ မရသေး ကြောင်း သိရသည်။
မန်ဝိန်းဂိတ်အနီးမှ စျေးဆိုင် ရှင် အချို့ကလည်း မန်ဝိန်းဂိတ် ပိတ်ထားမြဲ အတိုင်းပင်ရှိပြီး ဂိတ်ပေါက်အနီးမှ ရုံးခန်းများ လည်း ဘာမှပြင်ဆင်ထားခြင်း သေးကြောင်း၊ ပြီးခဲ့သည့် ဖေဖော် ဝါရီလ ဒုတိယပတ်ခန့်က ဂိတ်ဖွင့် ပေးရန် နှစ်နိုင်ငံလူကြီးများ ဆွေးနွေးကြသည်ဟု ကြားသိရ ကြောင်း၊ အကယ်၍ ဖွင့်မည် ဆိုပါက မူဆယ်နယ်စပ်တွင် ကုန်တင်ယာဉ် ရပ်နားကွင်းများ ပြုလုပ်ပြီး ထိုမှတစ်ဆင့် ရှန်တိမ် သုံးဆင့်နှင့် မန်ဝိန်းဂိတ်မှ တရုတ် နိုင်ငံကို ဝင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက် ကလည်း နှစ်နိုင်ငံ ကုန်တင်ယာဉ်များ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ဝင်/ထွက်သွားလာရန် ဆွေးနွေး ထားကြသည်ဟု ကြားသိရ ကြောင်း ပြောကြားသည်။
လောလောဆယ် နှစ်နိုင်ငံ ကုန်သွယ်မှုတွင် တရုတ်ယွမ်နှင့် အခွန်ဆောင်ရပြီး ယခင်ဒေါ်လာ နှင့် ဆောင်ထားသည့် ကုန်ပစ္စည်း များ အဆင်မပြေသည့်အတွက် ကုန်ပစ္စည်းတချို့ ရပ်တန့်နေသလို ကုန်သည် တချို့လည်းရပ်နား နေကြောင်း၊ လက်ရှိကုန်သွယ်မှုကို ကျင်စန်းကျော့ဂိတ်ဘက်ကနေပဲ ပြုလုပ်နေကြောင်း၊ တရုတ်ဘက် မှ ဓာတ်ဘူး၊ ဖန်ခွက်၊ ပန်းကန်ပြား၊ လျှပ်စစ်ပစ္စည်း အနည်းငယ်၊ စက်ဘီးနှင့် ဆက်စပ်ပစ္စည်း၊ ဆေး နှင့် ဆေးပစ္စည်း အနည်းငယ်၊ ယာဉ်ယန္တရားများ မြန်မာဘက်သို့ တင်သွင်းလျက်ရှိပြီး မြန်မာဘက် မှ လယ်ယာထွက်ကုန်ပစ္စည်း၊ ပဲတီစိမ်း၊ ဆန်အနည်းငယ်၊ ပြောင်းအနည်းငယ်၊ ကြက်သွန်နီ နှင့် ဖရဲ၊ သခွား၊ ဖရုံသီး၊ ပဲတောင့် ရှည်၊ ငရုတ်သီးစိမ်းစသည်ဖြင့် သီးနှံအမျိုးမျိုး တရုတ်ဘက်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)