
နေပြည်တော် ဩဂုတ် ၂၅
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၄ ရက် နံနက် ၁၁ နာရီခွဲ တွင် မူဆယ်မြို့ ကောင်းမူးတုံ ရပ်ကွက် အိမ်အမှတ် ၂၄၈ နေ မဆိုင်းနန် (ခ) အားဟွေ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်စတိုခန်းအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀၀၀၊ ဘိန်းဖြူ ၀ ဒသမ ၀၆ ကီလို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော် ရပ်ကွက် စွမ်စော်(၁)လမ်းတွင် လှမြင့် (ခ) ရန်ချောင်မြင့် မောင်းနှင်လာသည့် သုံးဘီး ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၂၂ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ သည်။
အလားတူ မွန်းလွဲ ၁ နာရီခွဲ တွင် ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ နယ် မူဆယ်-နမ့်ခမ်းသွား ကား လမ်း စယ်လန့်ကျေးရွာအုပ်စု နောင်မိုကျေးရွာအနီးတွင် မကျန်း ယုံကျီး မောင်းနှင်လာသည့် TOYOTA HILUX SURF အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား၁၂၀၀၀ကိုလည်းကောင်း။
ဩဂုတ် ၂၄ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လောင်းမြို့နယ် ပင်လောင်း-နေပြည်တော် သွား ကားလမ်း လိန်းလီကြိုးတံတား အနီးတွင် မျိုးမင်းဦး မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၉၄၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်