
မူဆယ် ဇွန် ၂
ဇွန် ၂ ရက်မှစ၍ အခြေခံပညာသင် ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ မူဆယ်မြို့နယ်ရှိ အခြေခံပညာသင် ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင် စွာ ကျောင်းတက်ပညာသင်ကြား နေပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ပညာသင်ကြားနေမှုကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကိန်မိုင်၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဇော်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လှည့်လည် ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
မူဆယ်မြို့နယ်၌ ကျောင်းသားဦးရေ စုစုပေါင်း ၁၃၂၈၁ ဦး တက်ရောက်သင်ကြား လျက်ရှိပြီး ဆရာ ဆရာမ များက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ သင်ကြား ပေးမည်ဖြစ်သည်။ မူဆယ် မြို့နယ်အတွင်း၌ ကျောင်းပေါင်း ၆၀ ကျော် ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ (မူဆယ်)