မူဆယ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

မူဆယ်   ဇွန်    ၅ 


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့နယ် ရွှေသမင်ကာကွယ်တော ၌  သစ်တောဦးစီးဌာန၏  စီစဉ် ဆောင်ရွက်မှုဖြင့်     ကမ္ဘာ့ပတ်ဝန်း ကျင်  ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်  မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ပိုင်းက ပြုလုပ်သည်။

 


အဆိုပါ   သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေး၊ ရာသီ ဥတုကောင်းမွန်မျှတရေး၊ အရိပ် အာဝါသနှင့် မျက်စိပသာဒအကျိုး များရရှိရေးတို့ကို     ရည်ရွယ်၍ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊      ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ခရိုင်သစ်တော ဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်သက်၊   မြို့နယ် သစ်တောဦးစီးမှူး ဦးမျိုးစည်သူ အေးတို့ကဦးဆောင်၍ ထင်းရှူး ပင် ၈၀၊ ကံ့ကော်ပင် ၃၀၊ သစ်လှ ပင် ၄၀၊   မန်ဂျန်ရှားပင်    ၆၀၊ ခါတော်မီပင် ၃၀၊ မဲဇလီပင် ၅၀၊ ပျဉ်းမပင် ၃၀၊  သစ်အယ်ပင် ၃၀၊ ကုက္ကို ၁၀ ပင်၊ ရေသင်းဝင်ပင် ၅၀၊ ရေထင်းရှူးပင်   ၂၀၊  တပေါင်း ပန်းပင် ၂၀၊ တပေတဘူပင် ၃၀၊ ခရေပင် ၃၀၊ ရေပိတုန်းပင်  ၃၀၊ မဟော်ဂနီပင် ၅၀၊ ငုစပ်  ၁၀ ပင်  စုစုပေါင်းပျိုးပင် ၆၀၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးသည်။ 

 


မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ၌ ခရိုင်/မြို့နယ်   စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊   ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ  အဖွဲ့ဝင်များ၊  ပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းယဉ်ကျေး မှုအဖွဲ့များနှင့်  ဒေသခံပြည်သူများ တက်ရောက် စိုက်ပျိုးကြသည်။ 


ချယ်ရီမြေ(မူဆယ်)