မူဆယ်မြို့အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကတ်အမြန်ရရှိရေး ညှိနှိုင်းဆွေးနွေး

 

မူဆယ်   ဇန်နဝါရီ     ၁၉

 


လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ရာနှုန်းပြည့်ပြီးစီးရေးညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

 


ညှိနှိုင်းဆွေးနွေးပွဲတွင် ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန       ဦးစီးမှူး  ဦးရဲရင့်ထွန်းက ဒေသခံတိုင်းရင်း သားစာပေနှင့်   ယဉ်ကျေးမှုအဖွဲ့ များအနေဖြင့်    မြန်မာနိုင်ငံသား များအား      ဥပဒေနှင့်     အညီ အိမ်ထောင်စု   လူဦးရေစာရင်းနှင့်  ကိုင်ဆောင်သင့်သော       ကတ် တစ်မျိုးမျိုးထုတ်ပေးရေး “ပန်းခင်း” စီမံချက်နှင့်ပတ်သက်၍ သိမှတ် ဖွယ်ရာများကို   ဆွေးနွေးသည်။ မုံးပေါ်ဒေသ     တာဝန်ရှိသူ   ရပ်မိ ရပ်ဖ ဦးအောင်ဂျာက အိမ်ထောင်စု စာရင်းထဲသို့ မွေးတိုးထည့်သွင်း ရာတွင်   တရားရုံး၌   ကျမ်းကျိန် ဆောင်ရွက်ရန်အတွက် တိုင်းရင်း သားများအနေဖြင့်    အခက်အခဲ ရှိကြောင်း၊  ဌာနဆိုင်ရာများကို ဝင်ထွက်သွားလာရန် တိုင်းရင်းသား များအနေဖြင့် ကြောက်သည့်စိတ် က  ယနေ့ထိ  အမြစ်တွယ်နေဆဲ ဖြစ်သဖြင့်   ယခုလို   ကိစ္စမျိုးကို မည်သို့ဆောင်ရွက် ပေးနိုင်ပါမည် လဲဟု    မေးမြန်းရာ     မြို့နယ် ဦးစီးမှူး   ဦးမောင်မောင်တာက  မိမိတို့အနေဖြင့် ဖြေလျှော့ဆောင် ရွက်နိုင်သည့် ကိစ္စမျိုးများ ဆောင် ရွက်ပေးလျက်ရှိပြီး ထိုသူများက  မှန်ကန်သော   အထောက်အထား များဖြင့်တင်ပြလာပါက အမြန်ဆုံး   ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။ 

 


ပြန်လည်ဆွေးနွေး


ဆက်လက်ပြီး  တိုင်းရင်းသား စာပေနှင့်    ယဉ်ကျေးမှုအဖွဲ့များ မှ     ချင်းစာပေနှင့်   ယဉ်ကျေး မှုအသင်း အတွင်းရေးမှူး ဦးကျုံး လျန်မှုန်းက မိမိတို့  ချင်းတိုင်းရင်း သားလူမျိုးထဲမှ     အိမ်ထောင်စု စာရင်း    ပြန်လည်လျှောက်ထား မှုကို ကူညီဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးရာ   မြို့နယ်ဦးစီးမှူးက    မြို့နယ်လဝကရုံးသို့  ဆက်သွယ် ဆောင်ရွက်ပါက     အထောက် အထားများပြည့်စုံလျှင် အမြန်ဆုံး ဆောင်ရွက် ပေးမည်     ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။ 

 


ယင်းနောက် ကရင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးစောဂေါ်ချို က လဝက ဝန်ထမ်းများအနေဖြင့် အညိုရောင်နယ်မြေ၊       အမည်း ရောင်နယ်မြေများပါ     မကျန် ပန်းခင်းစီမံချက်ကို   သွားရောက် ဆောင်ရွက်ပေးနေခြင်းကို တွေ့ မြင်ရ၍          ဝမ်းသာဂုဏ်ယူပါ ကြောင်း၊     တချို့နေရာများ၌  သွားလာ၍ရသော်လည်း  တချို့ နေရာများမှာ သွားလာ၍မရသောနေရာများရှိကြောင်း၊  ရေကြည် ရာ မြက်နုရာကို  ပြောင်းရွှေ့လာ ကြရသဖြင့်  အိမ်ထောင်စုစာရင်း နှင့်   နိုင်ငံသားကတ်ပြားများကို လက်ဝယ်    ကိုင်ဆောင်နိုင်ခြင်း မရှိကြောင်း၊  ထိုသူများအတွက် မိမိတို့အနေဖြင့် ပြည့်စုံမှန်ကန် သော စာရင်းများကို  ကောက်ယူ ပေးထားမည်   ဖြစ်ကြောင်းနှင့် မိမိအနေဖြင့်  ယခုလက်ရှိထုတ်ပေး နေသော   နိုင်ငံသား  ကတ်ပြား (အသေး)     ဖြင့်   လဲလှယ်လိုပါ ကြောင်း ဆွေးနွေးရာ ခရိုင်ဦးစီး မှူး   ဦးရဲရင့်ထွန်းက  အထောက် အထားများ       ပြည့်စုံနေပါက နေ့ချင်းပြီး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ခဲ့သည်။

 


ထို့နောက် တအာင်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးမိုင်းလှရွှေက  မိမိတို့လူမျိုးများ နိုင်ငံသား စိစစ် ရေးကတ်ပြား မရှိသေးသူများကို     တိုင်းရင်းသားအမှန် ဖြစ်ကြောင်း ထောက်ခံ  ပေးလျက်ရှိကြောင်း၊     မိမိတို့     ရပ်ရွာဒေသများတွင် နိုင်ငံသားကတ်ပြားများ    လာ ရောက်     လုပ်ကိုင်မည့်     အချိန် တွင်     ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း     ဆွေးနွေးသည်။ ထို့နောက် မူဆယ်မြို့နယ်နေ စာပေ နှင့် ယဉ်ကျေးမှုအသင်း တာဝန်ရှိ သူများက    ဆက်လက်ဆွေးနွေး ကြသည်။    

 


နေ့ချင်းပြီးဆောင်ရွက်


ယင်းနောက် ခရိုင်ဦးစီးမှူးက ပန်းခင်းစီမံချက် ဆောင်ရွက်ပေး ရာတွင်   တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုအဖွဲ့များမှ     မိမိတို့ လူမျိုးများ   နိုင်ငံသားကတ်ပြား လျှောက်ထားခြင်း၊ အိမ်ထောင်စု စာရင်းများ    လျှောက်ထားခြင်း များတွင်       ပြည့်စုံမှန်ကန်တိကျ သော      အချက်အလက်များကို ကြိုတင်ပြင်ဆင်  ပေးထားကြရန် ဆွေးနွေးသည်။ ထို့နောက် ကရင် စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့် ၎င်း၏  အမျိုးသမီးတို့၏   နိုင်ငံသား      စိစစ်ရေးကတ်ပြား လဲလှယ်ထားရှိမှုကို   နေ့ချင်းပြီး ဆောင်ရွက်ကာ         လက်ဝယ် အရောက်    ပြန်လည်ပေးအပ်ပြီး     အခမ်းအနားသို့ တက်ရောက်လာ ကြသူများအား       အမှတ်တရ လက်ဆောင်များ       ပေးအပ် ကြောင်း   သိရသည်။


အယ်လ်စိုး(မူဆယ်)