မူဆယ်ဒေသပြည်သူများနှင့် မန္တလေးပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင်များ ပေးပို့လှူဒါန်း

မူဆယ်  ဇူလိုင်   ၂၁
ရှမ်းပြည်နယ်       မြောက်ပိုင်း မူဆယ်ခရိုင်    မြို့နယ်များတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှု နှုန်း     မြင့်တက်လာခြင်းနှင့် အတူ  ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် အောက်ဆီဂျင်၊ ဆေးဝါး နှင့်        ဆက်စပ်ပစ္စည်းများ အရေးပေါ်      လိုအပ်မှုမှာလည်း မြင့်မားလျက်ရှိသည်။
ထိုသို့        အခြေအနေများ ကြောင့်      မူဆယ်အခြေစိုက် လုပ်ငန်းရှင်၊    New   Starlight Construction    Co.,    ltd (မင်္ဂလာမူဆယ်)က မူဆယ်ခရိုင် ပြည်သူ့ဆေးရုံအတွက် အသင့်သုံး လီတာ ၄၀ အောက်ဆီဂျင်ဘူး အစုံ ၆၀  နှင့်    ကုသရေးပစ္စည်းများ  တန်ဖိုးသင့် ငွေကျပ်  သိန်း ၁၅၀ ဖိုးကို  ယနေ့နံနက်  ၁၀  နာရီက အဆိုပါ ကုမ္ပဏီ၏ Information  Center Room တွင် ဒါရိုက်တာ ဦးမောင် စိန်က ပေးအပ်လှူဒါန်းရာ မူဆယ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ် ရေးမှူး   ဦးဥက္ကာ၊   မူဆယ်ခရိုင်   ဆေးရုံအုပ်ကြီး        ဒေါက်တာ ဟန်နိုင်စိုး၊    မူဆယ်မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က လက်ခံယူသည်။
ထို့နောက်  ဇူလိုင်  ၁၇  ရက် နှင့်    ၂၀   ရက်တို့တွင်   မန္တလေး ပြည်သူ့ဆေးရုံသို့   အများပြည်သူ အသုံးပြုရန်အတွက်     လီတာ ၄၀ အသင့်သုံး  Oxygen  Cylinder ၂၉၃၅    ဘူးကို   လည်းကောင်း၊ (10-15 L)Oxygen Cylinder ဘူး ၈၀ ၊ နှာခေါင်းစည်း   ၇၀၀၀၀  ၊ Buoy Type Oxygen Inhalator ဘူး ၁၈၄၀ ၊   Oxygen   Liquid   ၂၆  တန်နှင့်    ကုသကာကွယ်ရေးနှင့် ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၁၇ မျိုးမှ   ပစ္စည်းတန်ဖိုး   ငွေကျပ် သိန်းပေါင်း  ၁၂၀၀၀ တန်ဖိုးကို          မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းမှ    မန္တလေးဆေးရုံသို့   တိုက်ရိုက်ပေးပို့  လှူဒါန်းခဲ့ကြောင်း သိရသည်။    အယ်လ်စိုး(မူဆယ်)