“MUSIC GALLERY - 2” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ပြသမည်

 

နေပြည်တော်    ဇွန်     ၁


ပြည်သူများ အပန်းပြေစေရန်၊   ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ     ရရှိနိုင်ရန်အတွက်     မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ် များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Show ဆန်းသစ်တင်ဆက်မှု “MUSIC GALLERY-  2”   တေးဂီတဖျော်ဖြေပွဲကို ဇွန်  ၃  ရက် (သောကြာနေ့) ည   ၈  နာရီ   သတင်းအပြီးတွင်  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။ 

 


ယင်းအစီအစဉ်တွင်    တေးသံရှင်များ    ဖြစ်ကြ သည့် ရသ၊ ဝေလျှံ၊ ဆိုတေး၊ သာထူးဇော်၊ Sparrow၊ ဂျင်းနီ၊ သဉ္ဇာမြင့်မိုရ်၊ ငြိမ်းချမ်း၊ အုန်းသီးနှင့် ကျော်ထက် တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။ 

 


ထိုသို့တင်ဆက်မှုကို  ဇွန် ၅  ရက်  (တနင်္ဂနွေနေ့) နံနက် ၁၀နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။  

 
သတင်းစဉ်