
အဝါရောင်အဆင့်
အဝါရောင်အဆင့်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပေါ်နေပြီး မုန်တိုင်း၏အခြေအနေကို သတိထားနိုင်ရန်။
လိမ္မော်ရောင်အဆင့်
လိမ္မော်ရောင်အဆင့်သည် ကမ်းရိုးတန်းသို့ဦးတည်နေပြီး မုန်တိုင်းသည် မိမိနေထိုင်ရာ ဒေသသို့ ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ ပြောင်းလဲမှုကို အထူး သတိထား စောင့်ကြည့်နိုင်ရန်။
အနီရောင်အဆင့်
အနီရောင်အဆင့်သည် ကမ်းရိုးတန်းသို့ ၁၂ နာရီနောက်ပိုင်း မုန်တိုင်းရောက်ရှိလာမည် ဖြစ်ပြီး အန္တရာယ်ရှိနိုင်သဖြင့် လုံခြုံစိတ်ချရသည့်နေရာများသို့ ပြောင်းရွှေ့နေရာယူရန်။
အညိုရောင်အဆင့်
အညိုရောင်အဆင့်သည် မုန်တိုင်းအန္တရာယ် ကျရောက်နေချိန်ဖြစ်ပြီး လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံပြီးစီးရန်။
အစိမ်းရောင်အဆင့်
အစိမ်းရောင်အဆင့်သည် မုန်တိုင်းအားပျော့ ပျက်ပြယ်သွားပြီဖြစ်ပြီး မိမိတို့၏ နေအိမ် များသို့ ပြန်နိုင်သောအခြေအနေဖြစ်ကြောင်း သတ်မှတ်ထားပါသည်။