မုန်တိုင်းငယ်၏အခြေအနေကို မပြတ်စောင့်ကြည့်ကာ ပြည်သူများထံသို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များအား ထုတ်ပြန်နိုင်ရေးဆောင်ရွက်

 

နေပြည်တော်   မတ်   ၂၀


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်   ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊        နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသိရီမြို့ ဆင်ဖြူရှင်ရပ်ကွက် အေးမေတ္တာစံ (တောင်နီလေး)ကျောင်းတိုက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ် ပြု(ဒုတိယအဆင့်) အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ရောက်ရှိပြီး ကျောင်းတိုက် ဆရာ တော်အား ဖူးမျှော်ကြည်ညိုကြသည်။ 

 


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် စေတနာ့ဝန်ထမ်းပရဟိတအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော  ဂေဟာရိပ်သာများ ကို ဝန်ကြီးဌာနက  ထောက်ပံ့ပေးနေမှု၊   ပူးပေါင်း ဆောင်ရွက်နေမှု၊     ပရဟိတဂေဟာရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရေးဆွဲထား ရှိသော လုပ်ငန်းလမ်းညွှန်များအတိုင်း အသိအမှတ် ပြုခြင်း၊ နည်းစနစ်တကျရှိစေရေး အနိမ့်ဆုံးရှိရမည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရေး၊ အသိပညာပေးခြင်း၊   ကြပ်မတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းလျှောက်ထား ခဲ့ကြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂေဟာမှတာဝန်ရှိသူများကို ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရရှိခံစားနိုင်စေရေး နှင့် ၎င်းတို့၏ အသက်အရွယ်အလိုက် ကိုယ်ခန္ဓာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရေး၊ အသိပညာနှင့် အတတ်ပညာ များ သင်ကြားတတ်မြောက်စေရေးအတွက် ဆောင် ရွက်ပေးစေလိုသည့်အချက်များ တိုက်တွန်းမှာကြား ခဲ့ပြီး ကလေးသူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားကာ    ကလေး သူငယ်များ၏စာသင်ဆောင်၊     အိပ်ဆောင်များကို လိုက်လံကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသို့  သွား ရောက်၍ ဘင်္ဂလားပင်လယ်အော်အတွင်း  လက်ရှိ ဖြစ်ပေါ်နေသော         မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲလာမှု အခြေအနေများ၊ အားကောင်းသည့်    လေဖိအားနည်းရပ်ဝန်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး   ကိုကိုးကျွန်းအနီးမှ ဖြတ် ကျော်ကာ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့သို့ မုန်တိုင်းငယ်အဖြစ် ဖြတ်ကျော် ဝင်ရောက်နိုင်မှုများနှင့်ပတ်သက်၍ အရေးပေါ်အခြေ အနေ စီမံခန့်ခွဲမှုဗဟိုဌာနက စောင့်ကြည့်လေ့လာပြီး အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ စုစည်းဆောင်ရွက်နေမှုကို    ကြည့်ရှုစစ်ဆေးခဲ့ရာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန   ခေတ္တ တာဝန်ခံဌာနကြီးမှူး   ဦးဝင်းထိန်ကျော်က   ယခု ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့်ပတ်သက်၍ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန် ချက်များ အပါအဝင် နိုင်ငံတကာမိုးလေဝသ Website များက လေ့လာတွေ့ရှိချက်များအရ မုန်တိုင်းဖြစ်ပေါ် နိုင်မှုအခြေအနေ၊ မိုးရရှိမှုအခြေအနေ၊ ဖြစ်ပေါ်နေ သည့် မုန်တိုင်းငယ်၏ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ် လာမှုများကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် လက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းငယ် နှင့် ပတ်သက်၍  ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး        ညှိနှိုင်းဆွေးနွေးကြရာ  ပြည်ထောင်စုဝန်ကြီးက   လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ချိန်မှစ၍ လက်ရှိမုန်တိုင်းငယ် ဖြစ်ပေါ် လာချိန်အထိ EOC အနေဖြင့် အချိန်မပြတ် စောင့် ကြည့်လေ့လာပြီး မှတ်တမ်းများ စနစ်တကျထားရှိ ကာ အဆင့်ဆင့်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုအဖွဲ့များနှင့်   သတင်းဆက်သွယ်မှုများ   ရယူကာ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းထားရှိပြီး      ချိတ်ဆက်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မုန်တိုင်းငယ်၏    နောက်ဆုံးဖြစ်ပေါ် ပြောင်းလဲလာမှုအခြေအနေပေါ်လိုက်၍ ဖြစ်ပေါ်လာ နိုင်သည့် နေရာဒေသအလိုက် ရာသီဥတုအခြေအနေ များနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များကို ပြည်သူများအနေဖြင့် အချိန်နှင့် တစ်ပြေးညီသိရှိပြီး  ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် နာရီစဉ်အလိုက် ပြောင်းလဲမှုများရှိနိုင်သည်ကို သတိပြုရမည်ဖြစ်ပြီး မပြတ်စောင့်ကြည့်ကာ    ထုတ်ပြန်ပေးရမည်ဖြစ် ကြောင်းနှင့်  မုန်တိုင်းငယ် အခြေအနေနှင့်ပတ်သက်၍  ထူးခြားလာပါက အဆင့်ဆင့်သော  ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ရေးဆွဲထားရှိ သော စီမံချက်များအတိုင်း အရေးပေါ်ဆက်သွယ်နိုင် မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်သတ်မှတ်ကာ စုရပ်နေရာများ ပြင်ဆင်နိုင်ရေးနှင့်   ထောက်ပံ့ရေး ပစ္စည်းစုပုံပြင်ဆင်ကာ       ဖြန့်ခွဲထောက်ပံ့နိုင်ရေး အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြား သည်။   

 


ထို့နောက် ဒုတိယဝန်ကြီးက ယခုမုန်တိုင်းငယ်၏ ပြောင်းလဲဖြစ်ပေါ်မှုများကို အချိန်နှင့်အမျှ  သတင်း ပေးပို့နိုင်ရန် ဆောင်ရွက်စေလိုပါကြောင်း၊  မုန်တိုင်း လမ်းကြောင်းနှင့် အနီးဝန်းကျင်ဒေသများရှိ ဘေး အန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနရုံးများတွင် ကယ်ဆယ်ရေးပစ္စည်များ၊    အထောက်အကူပြု ပစ္စည်းများ         အသင့်ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာန၏ နေ့/ညတာဝန်ကျ   ဝန်ထမ်းများအနေ ဖြင့်လည်း အမြဲမပြတ် စောင့်ကြည့်သတင်းပို့စေရေး မှာကြားခဲ့ကြောင်း သိရသည်။            

သတင်းစဉ်