မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်သဖြင့် လိမ္မော်ရောင်အဆင့် သတ်မှတ်

 

နေပြည်တော်  မတ်   ၂၀


 ယနေ့ ည  ၉ နာရီခွဲ   တိုင်းထွာချက်များအရ   ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်    ယင်းနှင့်ဆက်စပ်လျက်ရှိသော    ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော   မုန်တိုင်းငယ်သည်  မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်    ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းတို့တွင်  ဆက်လက်တည်ရှိနေသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ တောင်ဘက် ရေမိုင် ၁၉၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်ဘက် ရေမိုင် ၃၁၀ ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၅၀ ခန့်၊ မြိတ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်  ၃၃၀  ခန့်၊ မော်လမြိုင်မြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၂၅  မိုင် ခန့်၊ ရန်ကုန်မြို့၏  တောင်-အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်ခန့်၊  အိန္ဒိယနိုင်ငံ  နီကိုးဘားကျွန်း၏ မြောက် - အရှေ့ မြောက်ဘက် ရေမိုင် ၁၁၀ ခန့်နှင့် ပို့ပလဲယား၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေသည်။

 


မုန်တိုင်းငယ်၏     လက်ရှိအခြေအနေမှာ   မြန်မာနိုင်ငံဘက်သို့     ဦးတည်ရွေ့လျားမည့်  အခြေအနေဖြစ်သဖြင့်   လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

 


မုန်တိုင်းငယ်၏တည်နေရာ၊
ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း


အဆိုပါမုန်တိုင်းငယ်သည်       မြန်မာ စံတော်ချိန်   ည  ၉   နာရီခွဲအချိန်တွင် မြောက် လတ္တီကျု  ၁၀ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၃ ဒသမ ၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၂  ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင်  ၃၅  မိုင်မှ မိုင် ၄၀  နှုန်းခန့် ဖြစ်သည်။

 


နောက် နာရီ ၃၀ အတွင်း ခန့်မှန်းချက်


အဆိုပါမုန်တိုင်းငယ်သည်  နီကိုးဘားကျွန်းနှင့် ကပ္ပလီပင်လယ်ပြင်      ကမ်းလွန်တစ်လျှောက်  မြောက်ဘက်သို့ရွေ့လျားပြီး နောက်  ၁၅  နာရီ အတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် သို့ လည်းကောင်း၊   နောက် နာရီ ၃၀ အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်သည်ဟု  ခန့်မှန်းရသည်။   အဆိုပါ မုန်တိုင်းငယ်သည် (၂၁.၃.၂၀၂၂)  ရက်  မွန်းလွဲ ပိုင်းတွင် မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးသို့ လည်း ကောင်း၊ (၂၂.၃.၂၀၂၂)  ရက်    နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး  ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ (၂၃.၃.၂၀၂၂)ရက်  နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့     လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 


 သတိပေးနှိုးဆော်ချက်  


မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ  (၂၂.၃.၂၀၂၂)   ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသ ကြီး၊   မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊   ရှမ်းပြည်နယ်၊   ချင်း ပြည်နယ်၊    ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ  နေရာအနှံ့အပြား   မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင်   ဒေသအလိုက်နှင့်   နေရာ ကွက်၍ မိုးကြီးနိုင်သည်။   မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်   ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ    မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်  ၄၀  အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ    မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် ကိုးပေမှ ၁၂ ပေခန့် ရှိနိုင်ပါသည်။

 


အကြံပြုချက်


အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့်   မိုးရွာ သွန်းခြင်းနှင့်အတူ    လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ        ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့်  ပြည်တွင်း လေကြောင်းပျံသန်းရေး၊   မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်        ကမ်းလွန်ပင်လယ်ပြင်တို့ ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘော များအနေဖြင့်လည်း   ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။            

မိုး/ဇလ