
နေပြည်တော် မေ ၂၄
မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို မေ ၂၃ ရက် မွန်းလွဲပိုင်း တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဧည့်ခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက အလှူ ငွေကျပ် ၉၁၀၅၃၀၀၀ ကို ပေးအပ်လှူဒါန်းရာ ဒုတိယ တိုင်းမှူးက လက်ခံရယူပြီး (ဝဲပုံ) ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်