မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လှူဒါန်းရန် ကူညီကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် သုံးစင်း ရန်ကုန်ရောက်ရှိ

 

နေပြည်တော်   မေ   ၁၈


ရခိုင်ကမ်းရိုးတန်းဒေသသို့         အလွန့်အလွန် အားကောင်းသော    ဆိုင်ကလုန်း    မုန်တိုင်းမိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ  ရပ်ကွက်/ကျေးရွာများမှ  မုန်တိုင်း ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ   ဆောင်ရွက် ရာတွင်   အသုံးပြုနိုင်ရန်အတွက်   အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့်  စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ  သီလဝါဆိပ်ကမ်း  MITT  တံတားသို့ ရောက်ရှိကြသည်။   အဆိုပါအိန္ဒိယရေတပ်မှ   စစ် ရေယာဉ်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊     ရန်ကုန်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Vinay Kumar  နှင့် သံရုံး၊ စစ်သံရုံးတို့မှတာဝန်ရှိသူများ၊  တပ်မတော် (ရေ)မှ    အရာရှိကြီးများနှင့်     တာဝန်ရှိသူများက    ကြိုဆို နှုတ်ဆက်ကြသည်။

 


ထို့နောက်   အိန္ဒိယသံအမတ်ကြီးက   အိန္ဒိယ စစ်ရေယာဉ် INS-Shivalik ပေါ်တွင် ကူညီကယ်ဆယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက  ကျေးဇူးတင်စကား     ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အိန္ဒိယသံအမတ်ကြီးက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ ကူညီကယ်ဆယ်ရေးပစ္စည်း များနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်းပေးအပ်ခဲ့ သည်။  ယနေ့ရောက်ရှိလာသည့်  အိန္ဒိယရေတပ်မှ  စစ်ရေယာဉ်များတွင်  ကူညီကယ်ဆယ်ရေးပစ္စည်း များနှင့်    စားသောက်ဖွယ်ရာများ   ဖြစ်ကြသည့် အသင့်စားခေါက်ဆွဲ၊      အာဟာရပြည့်ဘီစကစ်၊ ငါးသေတ္တာဘူး၊ ရွက်ဖျင်တဲ၊ တာပေါ်လင်စ၊ စောင်၊ လက်နှိပ်ဓာတ်မီး၊ ဆိုလာမီးအိမ်၊ လူနာသုံးတွန်းလှည်း (Wheel Chair)၊ ချိုင်းထောက်၊ ရွှေ့ပြောင်းနိုင်သော မီးစက်၊  ရေစုပ်စက်၊  သစ်ဖြတ်လွှ  (Chain Saw)၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်း များ (ရေ၊ မီး၊ မိလ္လာ)နှင့် ဆေးဝါးများစသည်တို့ပါဝင်ပြီး  စုစုပေါင်းတန်ချိန်  ၂၅  တန်ခန့်ဖြစ်ကြောင်း  သိရ သည်။

 


အဆိုပါ အိန္ဒိယစစ်ရေယာဉ်များဖြင့် ရောက်ရှိ လာသော     ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား    မုန်တိုင်းဒဏ်သင့် ဒေသများသို့ အမြန်ဆုံး ရောက်ရှိစေရေးအတွက် သီလဝါဆိပ်ကမ်း MITT တံတားမှ မင်္ဂလာဒုံလေတပ် စခန်း   ဌာနချုပ်သို့    မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကာ ၎င်းမှတစ်ဆင့် ညနေပိုင်း တွင် တပ်မတော်(လေ)မှလေယာဉ်ဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပြီး   မုန်တိုင်းသင့်ပြည်သူများ ထံသို့   အမြန်ဆုံးဆက်လက်ဖြန့်ဝေနိုင်ရေး   စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်