မုံးထမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မုံးထမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဖေဖော်ဝါရီ ၄ ရက်တွင် အဆိုပါမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း က  သွားရောက်တွေ့ဆုံ သည်။

 


တွေ့ဆုံရာတွင်      တိုင်းမှူးက     အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာများအလိုက် တင်ပြချက်များအပေါ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများအတွက် စားသောက်ဖွယ် ရာများ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

                                   

သတင်းစဉ်