မုံရွာမြို့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

 

မုံရွာ  နိုဝင်ဘာ  ၁၀ 


အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို နိုဝင်ဘာ  ၁၀ ရက် နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ မုံရွာမြို့၌ ကျင်းပသည်။
အခမ်းအနားတွင်    စစ်ကိုင်းတိုင်းဒေသကြီး   လူမှုဖူလုံရေးရုံးမှ  တိုင်းဒေသကြီးတာဝန်ခံအရာရှိက  အမှာစကားပြောကြားပြီးနောက် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်း ရှင်းလင်းတင်ပြသည်။ 


ဆက်လက်ပြီး မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  အာမခံအလုပ်သမား ဦးမင်းသိုက်၏ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုကြောင့် နာရေး စရိတ် ငွေကျပ် ၂၇၂၁၆၀ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီဖြစ်ပြီး ယခု ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄၃၂၀၀၀၀ ကို ခွင့်ပြု  ထုတ်ပေးခြင်းဖြစ်ရာ  စုစုပေါင်းငွေကျပ်  ၄၅၉၂၁၆၀ ကို ကျန်ရစ်သူ မိသားစုထံသို့ တိုင်းဒေသကြီး တာဝန်ခံအရာရှိက ခွင့်ပြုထုတ်ပေးခဲ့သည်။ 


ထို့နောက် ကျန်ရစ်သူမိသားစု၏ကိုယ်စား မုံရွာမြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား  ပြောကြားခဲ့ကြောင်း သိရသည်။


  ခရိုင် (ပြန်/ဆက်)