
နေပြည်တော် ဇန်နဝါရီ ၃၀
မုံရွာမြို့နယ် ထန်းပင်လှကျေးရွာ ကို ဇန်နဝါရီ ၃၀ ရက် နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် တပ်မတော် မှ ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းတု၊ သတင်းမှား များကို တရားမဝင် ပြည်ဖျက် မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
ဖြစ်စဉ်အမှန်မှာ ယနေ့နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများ က မုံရွာမြို့နယ် သာစည်ကျေးရွာ အုပ်စု ထန်းပင်လှကျေးရွာကို ဝင်ရောက်၍ နေအိမ်များအတွင်းရှိ ပစ္စည်းများ ဝင်ရောက်လုယက် ယူဆောင်၍ နေအိမ်အချို့အား မီးရှို့ခဲ့ခြင်းကြောင့် မီးလောင် ပျက်စီးမှုများ ရှိခဲ့ကြောင်းနှင့် ထန်းပင်လှ ကျေးရွာအနီးဝန်း ကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး တာဝန်ထမ်း ဆောင်ခဲ့ခြင်းမရှိကြောင်း သက်ဆိုင် ရာနယ်မြေလုံခြုံရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အလားတူ ပဲခူးတိုင်းဒေသ ကြီး ပေါင်းတည်မြို့နယ် နတ်ရေ တွင်းရွာက နေအိမ်တွေကို တပ်မတော်က ဇန်နဝါရီ ၂၇ ရက် တွင် ဒုတိယအကြိမ် မီးရှို့ခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို လူမှု ကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
PDF အမည်ခံအကြမ်းဖက် သမားများက ဇန်နဝါရီ ၂၄ ရက် တွင် ၎င်းကျေးရွာရှိ နေအိမ်များ အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်တွင်လည်း နတ်ရေတွင်း ကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး နေအိမ်ရှိ အဖိုးတန်ပစ္စည်းများ၊ စားစရာများကို ယူဆောင်၍ ဒုတိယအကြိမ် မီးရှို့ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပြီး အဆိုပါကျေးရွာ အနီးဝန်းကျင်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့ခြင်း မရှိ ကြောင်း သက်ဆိုင်ရာနယ်မြေ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
PDF အမည်ခံအကြမ်းဖက် သမားများသည် မြို့၊ ရွာများရှိ လူနေအိမ် အဆောက်အဦများကို အကာအကွယ်ပြု၍ ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝကို အကြမ်းဖက်သည့်နည်း လမ်းများဖြင့် ဖျက်ဆီးလုပ်ဆောင် လျက်ရှိပြီး ၎င်းလုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှား စေရန်အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်း တု၊ သတင်းမှားများကို လုပ်ကြံ ရေးသားကာ သွေးထိုးလှုံ့ဆော် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်