
မုံရွာ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ဉာဏ်တော် ၅၄ပေ အမြင့်ရှိ ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးအား စိန်ဖူးတော် ပြန်လည်တင်လှူခြင်းနှင့် ရွှေဆေး၊ ရေဆေး ရောင်တော်ဖွင့်ခြင်း၊ ရင်ပြင်တော်ပြုပြင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပြီးစီး၍ ဗုဒ္ဓ ဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်က အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။
ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားတွင် ဆရာတော် သံဃာတော်များက ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်တို့အား ဗုဒ္ဓဘိသေက အနေကဇာ တင်ကြပြီး ရာပြည့်ကပ်ကျော် မင်္ဂလာစေတီတော် မြတ်ကြီးသြဝါဒါစရိယ မဟာဇောတိကာ ရာမစာသင် တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံမှ တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင် သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အုတ်ကန်တောရစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တမာနိကထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူ ကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ရွှေစည်းခုံစေတီတော် မြတ်ကြီးအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသော မုံရွာမြို့ပေါ်ရှိ အတိသာရကျောင်းတိုက်၊ မြို့မဂါတ်ကျောင်းတိုက်၊ အောင်ဆုပန်ကျောင်းတိုက်၊ ဓမ္မိကာရုံကျောင်းတိုက်နှင့် မောင်းထောင်ကျောင်း တိုက်ရှိ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့်ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်း ကြကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)