မုံရွာမြို့ အေးသာယာရပ်ကွက် ချင်းတွင်းမြစ်ကမ်းအနီး၌ Anonymous အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များကို လက်နက်/ခဲယမ်း၊ မိုင်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်  ၂၂


နိုင်ငံတော်အစိုးရမှ အကြမ်းဖက် အုပ်စုအဖြစ်   ကြေညာထားသည့် NUG ၊  CRPH နှင့် PDF အမည်ခံ အဖွဲ့များသည် ပြည်သူအတွက်ဟု သုံးနှုန်း၍    ရဟန်းသံဃာများ၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ ဝန်ထမ်းများနှင့်  ပြည်သူများကို ရက်စက်စွာ    သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ ဒလန်ဟု စွပ်စွဲ ကာ ဖမ်းဆီး၍ အကျပ်ကိုင်ခြင်း၊ ငွေကြေး  တောင်းခံမှုများအပြင် ပြည်သူများ   အထိတ်တလန့် ဖြစ်စေရန်   ရည်ရွယ်၍ မိုင်းထောင် ဖောက်ခွဲခြင်းများကို     ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။

 


သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် အကြမ်းဖက်သမား များကို ဖော်ထုတ်ဖမ်းဆီးခြင်းများ နေ့/ညမပြတ်   အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ   အကြမ်း ဖက်မှုကို မလိုလားသည့် ပြည်သူ များ၏   သတင်းပေးပို့ချက်အရ ၂၀၂၃   ခုနှစ်  ဖေဖော်ဝါရီ   ၁၅ ရက်  နံနက်ပိုင်းတွင်   မုံရွာမြို့ အေးသာယာရပ်ကွက် ချင်းတွင်း မြစ်ကမ်းအနီးရှိ  ယာတဲ၌  Ano-nymous အမည်ခံ  အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ရဲရင့်ကျော်(ခ)စွန်ရဲ  (၃၃)  နှစ်  အပါအဝင် အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ကျော်ဆန်းဦး  (၂၀)  နှစ်၊  ကိုကို အောင်(ခ)တစ်ထောင် (၁၉) နှစ်၊ ဝေယံထက်(ခ)ဇီးကွက် (၁၈) နှစ်၊ စိုးစိုး (ခ)မောင်စိုး  (၃၇)  နှစ်၊ နေလင်းအောင်(ခ)ဥဩ (၁၇) နှစ်၊ ကောင်းခန့်ဇော် (ခ) ကောင်းစိန် (၁၈)နှစ်၊ ကျော်ရဲသူ(ခ) ကျားလေး (၁၇)နှစ်၊   အောင်ဇော်ထက်  (ခ)ကိုကောင်း(၂၃)နှစ်၊ ရာပြည့် (၁၈)နှစ်နှင့်    အကြမ်းဖက်သမားများ ကို  ကူညီထောက်ပံ့ပေးနေသည့် ကြည်မင်း (၄၈)နှစ်၊ ခင်နှင်းစိုး(၄၅)နှစ်၊ ကိုမြင့်(၅၅)နှစ်နှင့် စိုးစိုး(၄၅)နှစ်  စုစုပေါင်း တရားခံ  ၁၄  ဦးကို လက်လုပ်သေနတ်မျိုးစုံ     ခုနစ် လက်၊     လက်လုပ်စိန်ပြောင်း ငါးလက်၊ လက်လုပ်မိုင်း ၁၉ လုံး၊ ကျည်မျိုးစုံ ၁၇၆ တောင့်၊ အခြား ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

 


အဆိုပါ      Anonymous အမည်ခံ   အကြမ်းဖက်အဖွဲ့ဝင် များကို   ဖမ်းဆီးရမိစဉ်   ဓားစာခံ အဖြစ်    ဖမ်းဆီးချုပ်နှောင်ထား သည့် အပြစ်မဲ့ပြည်သူ ကျား နှစ်ဦး၊ မ တစ်ဦးနှင့် ကလေးငယ် တစ်ဦး စုစုပေါင်း အပြစ်မဲ့ပြည်သူ လေးဦး တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ ကယ်တင်နိုင်ခဲ့သည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့်  ကျား   တစ်ဦး သည် မုံရွာမြို့ပေါ်၌ Anonymous အမည်ခံ    အကြမ်းဖက်အဖွဲ့ဝင် များ   ထောင်ထားသည့်မိုင်းများ ကို တွေ့ရှိသဖြင့်  ဖြုတ်ယူခဲ့သော ကြောင့်     ကလေးငယ်အပါအဝင် မိသားစုတစ်စုလုံး    ဖမ်းဆီးထား ခြင်းဖြစ်ကြောင်း၊  ထို့အပြင် ကျန် တစ်ဦးမှာ    ငွေကြေးတောင်းခံနိုင် ရန်အတွက်  ပြန်ပေးဆွဲထားခြင်း ဖြစ်ကြောင်း   ဖော်ထုတ်သိရှိရ သည်။

 


ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ ရဲရင့်ကျော်(ခ)စွန်ရဲ၊ ကိုကိုအောင်(ခ)တစ်ထောင်၊ ဝေယံထက်(ခ)ဇီးကွက်၊ နေလင်း အောင်(ခ)ဥဩ၊ ကောင်းခန့်ဇော် (ခ) ကောင်းစိန်  နှင့်   ရာပြည့်တို့ သည် ၂၀၂၂ ခုနှစ် ဧပြီလ(ဒုတိယ ပတ်ခန့်)တွင် မုံရွာမြို့နယ်အတွင်း ရှိ       ဗောဓိတစ်ထောင်ဘုရား ၏ အရှေ့ဘက်တောင်ကြောပေါ်၌ မုံရွာ PDF အမည်ခံ အကြမ်းဖက် အဖွဲ့ထံ   အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေးသင်တန်း     သုံးလ တက်ရောက်ခဲ့ကြောင်း။

 


အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး ရေး   သင်တန်းဆင်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (တတိယ ပတ်ခန့်) တွင် ရဲရင့်ကျော်(ခ)စွန်ရဲ ခေါင်းဆောင်၍      မုံရွာမြို့နယ် အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူ များကို ဓားပြတိုက်၊ ပြန်ပေးဆွဲ၍ ငွေကြေးရယူရန် ရည်ရွယ်ချက်ဖြင့် Anonymous အမည်ခံ  အကြမ်း ဖက်အဖွဲ့အား    ကျော်ဆန်းဦး၊ ကိုကိုအောင်   (ခ) တစ်ထောင်၊ ဝေယံထက်(ခ) ဇီးကွက်၊ စိုးစိုး(ခ)မောင်စိုး၊ နေလင်းအောင်(ခ)ဥဩ၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊ ကျော်ရဲသူ(ခ)ကျားလေး၊  အောင် ဇော်ထက်(ခ)ကိုကောင်း၊   ရာပြည့် နှင့် ဖမ်းဆီးတရားခံများဖြစ်သည့် ကျော်ရဲအောင်  (ခ) တွမ်တီဝမ်း၊ မင်းမော်ကွန်း(ခ)ချောင်းဇော်ချမ်း ပြည့်   တို့   ပါဝင်သော   အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း။

 


Anonymous    အမည်ခံ အကြမ်းဖက်     အဖွဲ့အနေဖြင့် CRPH၊ NUG အမည်ခံ အကြမ်း ဖက်အဖွဲ့များထံမှ    ငွေကြေး ထောက်ပံ့မှုများရယူ၍ လက်နက်/ခဲယမ်းများနှင့်    ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ        ဝယ်ယူ စုဆောင်းကာ      နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား   ပျက်ပြားစေ ရန်နှင့်     အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်   အများ ပြည်သူနှင့် သက်ဆိုင်သောနေရာ များတွင် အကြမ်းဖက်ဖောက်ခွဲမှု လေးကြိမ်  ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-


á    ၂၀၂၃   ခုနှစ်  ဇန်နဝါရီလ (ပထမပတ်ခန့်) တွင် ရဲရင့် ကျော်(ခ)စွန်ရဲ၊  ကောင်း ခန့်ဇော်  (ခ)  ကောင်းစိန် နှင့်  နေလင်းအောင် (ခ) ဥဩတို့သည်     မုံရွာမြို့ ထန်းတော  ကျွန်းဆွယ် ရပ်ကွက် အင်းဖြတ်လမ်း တွင် လက်လုပ်မိုင်းတစ်လုံး       ဖောက်ခွဲခဲ့ကြောင်း။ 
á    ဇန်နဝါရီလ (ဒုတိယပတ် ခန့်)တွင်   ရဲရင့်ကျော်  (ခ)စွန်ရဲ၊  ကျော်ရဲသူ   (ခ)ကျားလေး၊ ဝေယံထက်(ခ)ဇီးကွက်၊ ကောင်းခန့်ဇော် (ခ)  ကောင်းစိန်   နှင့် နေလင်းအောင် (ခ) ဥဩ တို့သည် မုံရွာမြို့ စက်မှုဇုန် လမ်းဆုံတွင်   လက်လုပ် မိုင်းသုံးလုံး   ဖောက်ခွဲခဲ့ ကြောင်း။
á    ဖေဖော်ဝါရီ  ၁  ရက်တွင် ရဲရင့်ကျော်  (ခ)  စွန်ရဲ၊ ကျော်ရဲသူ(ခ)ကျားလေး၊ ဝေယံထက်  (ခ) ဇီးကွက် နှင့်  နေလင်းအောင်  (ခ)ဥဩ     တို့သည်    မုံရွာ မြို့    အလယ်ရပ်ကွက် ပြည်ထောင်စု   လမ်းနှင့် ကျောက္ကာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးအား လက် လုပ်မိုင်းနှစ်လုံးဖြင့်   ပစ် ခတ်ဖောက်ခွဲခဲ့ကြောင်း။
á    မတ် ၁၂ ရက်တွင်  ရဲရင့် ကျော်(ခ)စွန်ရဲ၊ ကျော်ရဲသူ (ခ)ကျားလေး၊ ဝေယံထက် (ခ)ဇီးကွက်  နှင့်  ကောင်း ခန့်ဇော် (ခ) ကောင်းစိန် တို့သည်  မုံရွာမြို့  ရွှေဂုံး ရပ်ကွက်  အင်းစပ်လမ်းတွင် လက်လုပ်မိုင်း    နှစ်လုံး ဖောက်ခွဲပြီး ကိုကိုအောင် (ခ)တစ်ထောင်နှင့်ရာပြည့် တို့  နှစ်ဦးက  အခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။ 
ထို့အပြင်   Anonymous အမည်ခံ  အကြမ်းဖက်အဖွဲ့အနေ ဖြင့်     အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု သုံးကြိမ်    ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
á ၂၀၂၂   ခုနှစ်    နိုဝင်ဘာ  ၁၆ ရက်တွင် ရဲရင့်ကျော် (ခ) စွန်ရဲ   ခေါင်းဆောင် ၍   ကောင်းခန့်ဇော်  (ခ)ကောင်းစိန်၊    နေလင်း အောင်(ခ)ဥဩ    နှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ရဲအောင်(ခ)တွမ်တီ ဝမ်း   တို့သည်    မုံရွာမြို့  နန္ဒဝန်ရပ်ကွက်နေ အပြစ် မဲ့ပြည်သူ  ဦးဂျစ်တူး  ကို ဒလန်ဟုစွပ်စွဲ၍အကြောင်း မဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဝေယံထက် (ခ) ဇီးကွက် နှင့် ရာပြည့်  တို့က  အခြေ အနေ  စောင့်ကြည့်ပေးခဲ့ ကြောင်း။
á    ၂၀၂၃   ခုနှစ်    ဇန်နဝါရီ  ၁၀ ရက်တွင် ရဲရင့်ကျော် (ခ)  စွန်ရဲ   ခေါင်းဆောင် ၍  ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊    နေလင်း အောင် (ခ) ဥဩ  နှင့် အောင်ဇော်ထက်    (ခ)ကိုကောင်း တို့သည် မုံရွာ မြို့နယ်     ကတို့ကုန်း ကျေးရွာနေ    အပြစ်မဲ့ ပြည်သူ   ဦးကျော်မိုး   ကို ဒလန်ဟု      စွပ်စွဲကာ ရက်စက်စွာ   ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြောင်း။

 


á    ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကောင်းခန့်ဇော်(ခ)ကောင်းစိန်၊    နေလင်း အောင်(ခ)ဥဩနှင့်ဖမ်းဆီး ရန်ကျန် တရားခံ ကျော်ရဲ အောင်(ခ)တွမ်တီဝမ်း တို့ သည် ရေဦးမြို့နေ အပြစ်မဲ့ ပြည်သူ နတ်တူး ကို ဒလန် ဟု   စွပ်စွဲကာ   ဖမ်းဆီး     သတ်ဖြတ်ခဲ့ကြောင်း။

 


ထို့အပြင်     Anonymous အမည်ခံ  အကြမ်းဖက်အဖွဲ့သည် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်း နှင့် ဘိုးဘွားရိပ်သာအဝိုင်းအနီး လမ်းဘေးဘယ်ညာတွင်   လက် လုပ်မိုင်း ခုနစ်လုံး၊ ဗိုလ်ချုပ်လမ်း ပေါ်ရှိ “စိမ်းရောင်စုံ” ဘီယာဆိုင် အနီးတွင်       လက်လုပ်မိုင်း ထောင်ထားကြောင်း   ဖော်ထုတ် သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်၍ အချိန်မီ ဖော်ထုတ်     ရှင်းလင်းနိုင်ခဲ့ပြီး ကြိုတင်ကာကွယ်  တားဆီးနိုင်ခဲ့ သည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ    ကြည်မင်း၊ ခင်နှင်းစိုး၊ ကိုမြင့် နှင့် စိုးစိုး တို့ သည်   Anonymous   အမည်ခံ အကြမ်းဖက်အဖွဲ့များ မုံရွာမြို့နယ် အတွင်း ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နိုင်ရန်အတွက်     လိုအပ် သည့်      ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများအား   မုံရွာမြို့ ပေါ်ရှိ ဈေးဆိုင်များမှ သွားရောက် ဝယ်ယူပေးခြင်း၊    အကြမ်းဖက် သမားများအတွက်    ရိက္ခာများ စုဆောင်းပေးခြင်း၊   ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများ ကို    ဖမ်းဆီးရန်      ဒလန်ဟု ပြော၍  သတင်းပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

 


သို့ဖြစ်ပါ၍     ဖမ်းဆီးရမိ တရားခံများကို      ဥပဒေအရ ထိရောက်စွာ   အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံး က   ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့်     ပြစ်မှုကျူးလွန်ရာ  တွင်    ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ    ထောက်ပံ့ပေး လျက်ရှိသော   ဆက်စပ်တရားခံ များကို  အမြန်ဆုံးဖမ်းဆီးရမိရေး အတွက်  ၎င်းတို့ပုန်းခိုရာနေရာ များ၊  လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက   သက်ဆိုင် ရာသို့  လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန်စွာ လျှို့ဝှက်၍  ဆုငွေ များ  ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့်   မြို့ရွာများ     အမြန်ဆုံး အေးချမ်း  တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိ ပေးထုတ်ပြန်ထားကြောင်း သိရ သည်။     

သတင်းစဉ်