မုဒုံမြို့နယ် တောင်ပကျေးရွာ၌ (၇၅)ကြိမ်မြောက်စိန်ရတု မွန်အမျိုးသားနေ့အထိမ်းအမှတ် မွန်စာပေပြိုင်ပွဲ ကျင်းပ

 

မုဒုံ   ဖေဖော်ဝါရီ   ၅


မွန်ပြည်နယ်     မုဒုံမြို့နယ်တွင် (၇၅) ကြိမ်မြောက်  စိန်ရတု  မွန် အမျိုးသားနေ့အထိမ်းအမှတ်  မွန် စာပေပြိုင်ပွဲကို  ယနေ့နံနက် ၈ နာရီက  တောင်ပကျေးရွာရှိ   မွန် ဘုန်းကြီးကျောင်းတိုက်​ ကျောင်း သစ်၌ ကျင်းပသည်။

 


ရှေးဦးစွာ ဆရာတော်၊ သံဃာ တော်များက      ဩဝါဒကထာ မြွက်ကြားပြီး   ပြိုင်ပွဲကို    စတင် ကျင်းပရာ   မွန်လူငယ်များ   မွန် စာ​ပေ   ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်၊ မွန်သမိုင်း သိရှိလာ စေရန်    ရည်ရွယ်ချက်ဖြင့်     မွန် စာပေပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်  ပထမတန်း၊  ဒုတိယ တန်း၊ တတိယတန်း၊ စတုတ္ထတန်း စာပေပြိုင်ပွဲနှင့် စာစီစာကုံး၊ကဗျာ၊ ဉာဏ်စမ်းအမေးအဖြေ   ပြိုင်ပွဲ များကို ကျင်းပသည်။

 


မွန်စာပေပြိုင်ပွဲတွင်     မုဒုံ မြို့နယ် က​လော့​သော့တိုက်နယ် ကျေးရွာလေးရွာမှ   မွန်ကျောင်း သား   ကျောင်းသူ     ၁၉၉   ဦးတို့ က ဝင်ရောက်ဖြေဆိုကြကြောင်း၊ ဆုရရှိသူများကို (၇၅) ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အခမ်း အနားတွင်    ဆုချီးမြှင့်မည်ဖြစ် ကြောင်း မွန်စာပေပြိုင်ပွဲ ကျင်းပ ရေးကော်မတီမှ သိရသည်။


အောင်မျိုးသူ(ပြန်/ဆက်)