မတ္တရာမြို့နယ်နှင့် ဝန်းသိုမြို့နယ်များမှ ကျေးရွာများအတွင်းရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့နေကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်   ဒီဇင်ဘာ    ၂၁ 
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်  ဒင်္ဂါးကျွန်း ရွာ၊ ဆူးလေကုန်းရွာ၊ ရွှေဘောင်ရွာ၊ ရွေဘိုးကြီးရွာ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက်  တွင် ကျေးရွာရှိ နေအိမ်များကို မီးရှို့နေကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝင်းကြီးရွာ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာရှိနေအိမ်များကို မီးရှို့ နေကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက် အရ မတ္တရာမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း PDF  အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေ ရေး   လုံခြုံရေးတပ်ဖွဲ့ဝင်များက   နယ်မြေလုံခြုံရေး  တာဝန်များ     ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းကျေးရွာများအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ  ဝင်ရောက်ခဲ့ခြင်း၊ မီးရှို့ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။  
တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာ၊ နေအိမ်များ ထိခိုက်ပျက်စီးစေမည့် လုပ်ရပ် များကို   မည်သည့်အခါမျှ   လုပ်ဆောင်ခြင်းမရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်း ဖက်သောင်းကျန်းသူများ၏ရန်မှ       အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိသည်။ 
တရားမဝင်    ပြည်ဖျက်မီဒီယာများအနေဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်     ဒေသခံပြည်သူများ အကြား အထင်အမြင်လွဲမှားစေရန်နှင့် ပြည်သူများ အား ကြောက်ရွံ့ထိတ်လန့်လာစေရန် သတင်းတု၊ သတင်းအမှားများအား မဟုတ်မမှန် ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သိရသည်။      
 သတင်းစဉ်