
၁။ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ် များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များ အဖြစ် တရားဝင်မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထား ရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီ ယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၂။ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိ ခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ် အသစ်ဖြင့် သတ်မှတ် ပေးမည်ဖြစ်ပါသည်။ ယခင်မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်း ယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ပါ။
၃။ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် (၁.၂.၂၀၂၄)ရက်နေ့မှ (၃၁.၇.၂၀၂၄)ရက်နေ့အထိ (၆)လကာလအတွင်း ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များအား www.motc.gov.mm , www.myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန