မသန်စွမ်းသူများကို နှစ်စဉ် ငွေကြေးများထောက်ပံ့ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ

 

လွိုင်ကော်      ဒီဇင်ဘာ  ၃


အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့    အထိမ်းအမှတ်အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီ က  လွိုင်ကော်မြို့    မြို့နယ်ခန်းမ ၌   ကျင်းပရာ   ကယားပြည်နယ် ဝန်ကြီးချုပ်       ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊    လူမှုရေးအသင်း အဖွဲ့များနှင့်     မသန်စွမ်းသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်  ဦးဇော်မျိုးတင်က  ပြည်နယ် အနေဖြင့်      မသန်စွမ်းသူများကို နှစ်စဉ်  ငွေကြေးများ ထောက်ပံ့ ခြင်း၊ ချိုင်းထောက်၊ လက်ထောက်၊ ခြေတုနှင့် ဝီးချဲများ ထောက်ပံ့ပေး ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း များ ရရှိစေရေးအတွက် အသက် မွေးဝမ်းကျောင်း ပညာသင်တန်း များ တက်ရောက်စေပြီး စက်မှုဇုန် စီမံခန့်ခွဲရေး   ကော်မတီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း ၊ ပြည်တွင်းပြည်ပ အားကစားပြိုင် ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် ကူညီပံ့ပိုးပေးခြင်းကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့နှင့်   အတူ သက်ဆိုင်ရာဌာနများက စေတနာ့ ဝန်ထမ်းအဖွဲ့များ၊  မသန်စွမ်းသူ အသင်းအဖွဲ့များနှင့်    ပူးပေါင်း ဆောင်ရွက်ရမည်  ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်နှင့်  အခမ်းအနားသို့   တက် ရောက်လာကြသူများက  မသန် စွမ်းသူများ  အခွင့်အရေးဆိုင်ရာ Video Clip   နှင့်  ကုလသမဂ္ဂ၏ သဝဏ်လွှာ Video Clip များကို ကြည့်ရှုကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်     တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ     မသန်စွမ်း သူများနေ့       အထိမ်းအမှတ် အားကစားပြိုင်ပွဲများ  ဖြစ်သည့် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ သံပြား ပစ်၊  သံလုံးပစ်၊  လှံတံပစ်၊  ကြက် တောင်ရိုက်နှင့်  ပန်းချီပြိုင်ပွဲများ တွင်  ဆုရရှိသူများအား  ဆုများ ချီးမြှင့်ပေးအပ်သည်။

 


၎င်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်      တာဝန်ရှိသူများက ဆုရရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)