
နေပြည်တော် နိုဝင်ဘာ ၁၅
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအနေဖြင့် အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်၍ မသန်စွမ်းသူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန် စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းကိုလည်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ကနဦးစီမံကိန်း (၄) မြို့နယ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် စီမံကိန်းမြို့နယ် (၁၀) ခုတွင် ဆက်လက် တိုးချဲ့အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများ ဆန္ဒမဲပေးရာ တွင် အဆင်ပြေလွယ်ကူစေရန် ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ဆန္ဒမဲပေး ပုံ ပေးနည်းများကို မသန်စွမ်းသူ များ သိရှိစေရေးနှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်များ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ကမ္ဘောဒီးယားနိုင်ငံ ဖနောင် ပင်မြို့တွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း သူများ အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားသမား ၈၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၂၂ ခု နှင့် ကြေးတံဆိပ် ၁၉ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့်(၆) နေရာ ရရှိခဲ့သဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ အောင်ပွဲရ မသန်စွမ်း အားကစားသမားများ ကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ပါကြောင်း၊ မကြာမီ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် အကြိုလှုပ်ရှားမှုများတွင် လည်း မသန်စွမ်းသူများအတွက် အားကစားပြိုင်ပွဲများ ထည့်သွင်း ကျင်းပပေးခြင်းဖြင့် မသန်စွမ်းသူ များ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားကဏ္ဍတွင် ပါဝင် လှုပ်ရှားနိုင်မှုကို မြှင့်တင်လှုံ့ဆော် ပေးနိုင်မည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီ ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များမှ ကော်မတီဝင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မသန် စွမ်းအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများက မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်