မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင်ခြင်းဆိုင်ရာ သင်တန်းဖွင့်

 

ညောင်ဦး  ဇွန်  ၅


မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်၌ ဖွင့်လှစ်သင်ကြားလျက်ရှိ သည့်  မသန်စွမ်းသူများအတွက် အတားအဆီးမဲ့  ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်း         ဆိုင်ရာ အထောက်အကူပြု     အခြေခံ ဝန်ဆောင်မှု            သင်တန်းနှင့် ပြည်တွင်းဘုရားဖူးဧည့်သည်များ အား    ရှင်းလင်းပြသနေသူများ အတွက် အသိပညာပေးသင်တန်း များ   ဖွင့်ပွဲကို   ဇွန်  ၄  ရက်က  Heritage Bagan Hotel ၌ ကျင်းပသည်။ 

 


သင်တန်းဖွင့်ပွဲတွင်  ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ဌေးအောင်က        ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် ပုဂံဒေသ၏ သမိုင်းတန်ဖိုး    အစစ်အမှန်များ ကို     ရှင်းလင်းပြသနိုင်စေရန်နှင့်  ပြည်တွင်းဘုရားဖူး   ဧည့်သည် များအား    ရှေးဟောင်းဒေသနှင့် သက်ဆိုင်သည့်     အသိပညာများ ဆင့်ပွားမျှဝေပေးနိုင်ရန် သင်တန်း များ       ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 


မသန်စွမ်းသူများ    အတား အဆီးမဲ့           ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ   အထောက် အကူပြု         အခြေခံဝန်ဆောင်မှု သင်တန်းကို Heritage Bagan Hotel ၌ ဇွန် ၄  ရက်နှင့် ၅ ရက် နှစ်ရက်ကြာ ဖွင့်လှစ်ပြီး  သင်တန်း သား ၁၁၁ ဦး တက်ရောက်ကြောင်း၊  ပြည်တွင်း    ဘုရားဖူးဧည့်သည် များအား   လိုက်လံရှင်းပြသူများ အတွက် သင်တန်းကိုမူ  ပုဂံမြို့ ရတနာဘုံစံတောရကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၉၅ ဦးအား သင်တန်း ကာလ တစ်ပတ်ကြာ သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။

 


သင်တန်းဖွင့်ပွဲ         အပြီးတွင်  ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့ဝင် များသည် ဟိုတယ်နှင့်    ခရီးသွား ညွှန်ကြားမှုဦးစီးဌာန    (ပုဂံရုံးခွဲ)အောက်ရှိ    ဟိုတယ်၊   မိုတယ်၊ တည်းခိုရိပ်သာများတွင်   တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ ကို    စတုတ္ထအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးနေမှုများကို             လိုက်လံကြည့်ရှု အားပေးခဲ့သည်။  
 

ခရိုင် (ပြန်/ဆက်)