မရမ်းကုန်းမြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဇန်နဝါရီ  ၁၂


ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)  ဦးဗိုလ်ဌေး သည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ   ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်  စံပြချမ်းမြေ့စည်ပင် အိမ်ရာဝင်း၌ (Mobile Market) စနစ်ဖြင့် ဈေးရောင်းနေမှု၊     ပြည်လမ်းမ ရှစ်မိုင် လမ်းဆုံ    ခုံးကျော်တံတားအဆင်းမှ လေဆိပ်လမ်းဆုံ မီးပွိုင့်အထိ လမ်းသား များ ပြန်လည်ခင်းကျင်းနေမှု၊ မရမ်းကုန်း မြို့နယ်အတွင်း စံပြရပ်ကွက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး     စီမံ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင်   အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန် ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်     ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ် ကြရန် လမ်းညွှန်မှာကြားသည်။


ဆက်လက်၍  မြို့တော်ဝန်နှင့်အဖွဲ့ သည် မရမ်းကုန်းမြို့နယ် ပြည်လမ်းမ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအဆင်းမှ လေဆိပ်လမ်းဆုံ မီးပွိုင့်အထိ လမ်းသား များ ပျက်စီးနေမှုကို ကတ္တရာကွန်ကရစ် (AC)ဖြင့်    ပြုပြင်ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက်   မြို့တော်ဝန်နှင့်အဖွဲ့ သည် မရမ်းကုန်းမြို့နယ် (၇)ရပ်ကွက် ရှိ       မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးသို့ သွားရောက်၍ မြို့နယ်နေ ပြည်သူများအတွက်   စည်ပင်သာယာ ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်မှုကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


ဆက်လက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက် အလက်များ တင်ပြမှုအပေါ် မြို့တော်ဝန် က မြို့နယ်ဖွံ့ဖြိုးရေးအတွက်  ရပ်ကွက် တစ်ခုအား စံပြရပ်ကွက်အဖြစ် အကောင် အထည်ဖော်          ဆောင်ရွက်ရေးနှင့် ပတ်သက်၍  (၇) ရပ်ကွက်အား စတင် အကောင်အထည်ဖော်ရန်    အတည်ပြု ရွေးချယ်ရာ    စည်ပင်သာယာအုပ်ချုပ် ရေးမှူးနှင့်     သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က  (၇)ရပ်ကွက်၏ လူမှုစီးပွားရေးနှင့်  အခြေခံအဆောက် အအုံစသည့် ရပ်ကွက်ဆိုင်ရာ အချက် အလက်များနှင့် သက်ဆိုင်ရာဌာနများမှ ပြည်သူ့အကျိုးပြုလုပ်ငန်း  ဆောင်ရွက် နေမှုများကို         ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က    

 စံပြရပ်ကွက်မှသည် မြို့နယ်၊  မြို့နယ်မှသည်   ခရိုင်၊   ၎င်းမှ တိုင်းဒေသကြီးတစ်ခုလုံးအထိ     ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရန်၊ စံပြ ရပ်ကွက်တစ်ခု၏    အင်္ဂါရပ်နှင့်အညီ ရပ်ကွက်နေပြည်သူများ၏ လူမှုစီးပွားရေးကောင်းမွန်စေရေးနှင့် အခြေခံအဆောက် အအုံများ ပြည်စုံစေရေး ဆောင်ရွက်ရန်၊ လက်ရှိလိုအပ်ချက်အရ   ဦးလွန်းမောင် လမ်း စွန်းလွန်းဂူဘုန်းကြီးကျောင်းအနီး လမ်းသားပျက်စီးနေသောအပိုင်း ပေ ၁၅၀ အား AC ခင်းရန်၊ တေးနုယဉ်လမ်း AC ဖြင့်  လမ်းပေါက်ဖာရန်၊  လမ်းမကြီးနှင့် လမ်းသွယ်များ၏ လမ်း ဝဲ၊ ယာ ရေနုတ် မြောင်းနှင့် မြက်ချုံနွယ်များ ရှင်းလင်းရန်၊ ရပ်ကွက်ဘောလုံးကွင်း သဲဖို့ပြုပြင်ရန်၊ အရွယ်ရောက်သူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ       ကိုင်ဆောင်နိုင်ရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက် နိုင်ရန်အတွက် စနစ်တကျ စာရင်းကောက် ယူသွားရန်နှင့် ရပ်ကွက်သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက်   စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လိုအပ် သည်များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။                        

 သတင်းစဉ်