Mobile Covid-19 PCR Unit စက်များဖြင့် COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေး

 

နေပြည်တော်  ဇူလိုင်  ၁၅


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံ၊ လောက်ကိုင်မြို့ရှိ ရင်ဖုန်းဆေးရုံနှင့် ချင်းရွှေဟော်မြို့ရှိ မြို့နယ်ခန်းမတို့၌ COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေးနိုင်ရန် Mobile Covid-19 PCR Unit စက်များတပ်ဆင်ထားရှိရာ ယနေ့ တွင် အဆိုပါမြို့များရှိ   ဒေသခံပြည်သူ  ၁၀၈၀ ကို COVID-19 ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်းများ အသီးသီးဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရှိရသည်။


အလားတူ ကွမ်းလုံမြို့အဝင်၌ Mobile Covid-19 PCR Unit  စက်ဖြင့် ခရီးသွားပြည်သူများကို COVID-19 ရောဂါပိုး ရှိ/ မရှိ စမ်းသပ်စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၁ ရက်တွင် စတင်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်