
နေပြည်တော် စက်တင်ဘာ ၁၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကကြီးမှူး၍ မန္တလေးတိုင်း ဒေသရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းရဲအကူ တပ်ဖွဲ့ခွဲ၊ မဟာအောင်မြေခရိုင် ရဲတပ်ဖွဲ့၊ အမရပူရခရိုင် ရဲတပ်ဖွဲ့ နှင့် အောင်မြေသာစံခရိုင်ရဲတပ်ဖွဲ့ တို့မှ အရာရှိတပ်ဖွဲ့ဝင် ၃၂ ဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင် ၆၇ ဦးနှင့် စာရေးဝန်ထမ်း လေးဦးတို့က ယနေ့နံနက်ပိုင်းတွင် မန္တလေး ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ် ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်း နေမှုကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်နှင့် ရဲမှူးကြီး မောင်မောင် အေးတို့က လိုက်လံကြည့်ရှု နှုတ်ဆက်အားပေးကာ ကြက်ဥ၊ နွားနို့ စသည့်အာဟာရဖြည့်စွက် စာများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်