
မန္တလေး အောက်တိုဘာ ၂၇
အောင်မြေသာစံမြို့နယ် ဖောင် တော်ဦးဘုန်းတော်ကြီးသင် ပညာ ရေးအထက်တန်းကျောင်းရှိ ဆရာ တော်၊ သံဃာတော်များအား ဆွမ်း ဆန်တော်၊ ဆီ၊ ကုလားပဲများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က အဆိုပါကျောင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမောင်ကိုနှင့်ဇနီး ဒေါ်ရွှေဥ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီး များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တနာယက ဖောင်တော်ဦးကျောင်းဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားလွှတ်တော်တရား သူကြီးချုပ်နှင့် မန္တလေးမြို့တော် ဝန်တို့က ဖောင်တော်ဦးကျောင်း ဆရာတော်အား ဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ် လှူဒါန်းပြီးနောက် ရေစက်ချ အနုမောဒနာတရား နာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးနှင့်အဖွဲ့သည် ရဟန်း၊ သာမဏေ ၅၁၆ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူ ကြပြီး ဖောင်တော်ဦးကျောင်း ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း သည်။
လှူဒါန်းမှုတွင် စုစုပေါင်း ငွေကျပ် ၆၁၀၅၀၀၀ တန်ဖိုးရှိ ဆန် အိတ် ၁၀၀ ၊ ဆီ ပိဿာ ၁၀၀ ၊ ကုလားပဲ သုံးအိတ်တို့ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်