
မန္တလေး ဇွန် ၄
မန္တလေးတိုင်းဒေသကြီး ကြက် ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ကြက်ခြေနီ စေတနာ့လုပ်အားရှင် များနှင့် တွေ့ဆုံပွဲအခမ်းအနားကိုယနေ့မွန်းလွဲပိုင်းက မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို တက် ရောက် အမှာစကား ပြောကြား သည်။
အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က မန္တလေးတိုင်း ဒေသကြီး ကြက်ခြေနီစေတနာ့ လုပ်အားရှင်များ အားလုံးသည် လူမှုကရုဏာ လုပ်ငန်းများကို မည်သည့် လုပ်ခလစာ၊ ရိက္ခာမျှ မရရှိဘဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ အားထုတ်ပြီး စေတနာ့ ဝန်ထမ်းအဖြစ် ဆောင်ရွက်နေကြ သည်ကို ချီးကျူးဂုဏ်ပြုအပ် ကြောင်း၊ တိုင်းအတွင်းရှိ လူမှု ကရုဏာ လုပ်ငန်းများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အတူ နိုင်ငံတော်၏ အရန်အင်အား အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ကြက်ခြေနီအသင်း၏ လုပ်ငန်း ဆောင်ရွက်မှုများတွင် အတတ် နိုင်ဆုံး ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့နယ် ခုနစ် မြို့နယ်ရှိ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအတွက် တစ်မြို့ နယ်လျှင် ငွေကျပ် ၁၀ သိန်းစီဖြင့် ငွေကျပ်သိန်း ၇၀ ကို ဂုဏ်ပြု ထောက်ပံ့ ပေးအပ်ပြီးနောက် မန္တလေးတိုင်းဒေသကြီး ကြက်ခြေ နီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းဆောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက် ရောက်လာသည့် မန္တလေးတိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များနှင့် မြို့နယ်များ မှ ကြက်ခြေနီစေတနာ့လုပ်အား ရှင်များအား ရင်းနှီးစွာ လိုက်လံ နှုတ်ဆက် အားပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်