မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက်

 

မန္တလေး   ဇန်နဝါရီ  ၁၉
မန္တလေးတိုင်းဒေသကြီး  နယ်မြေ မြို့နယ်များရှိ   မဲဆန္ဒရှင်ပြည်သူ များ    မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်    စမ်းသပ်မဲပေး လေ့ကျင့်ပညာပေးသည့် အစီအစဉ် များကို  ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ချမ်းအေးသာစံမြို့နယ် ရပ်ကွက် ၁၅  ခုမှ  ပြည်သူ   ၄၃၀၊    မဟာ အောင်မြေမြို့နယ် ရပ်ကွက် ၁၈ ခုမှ ပြည်သူ ၅၀၀ စုစုပေါင်း ၉၃၀ တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။ 
တိုင်းဒေသကြီး၊    ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ  တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ကြ ပြီး     တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်း များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များနှင့်     မဲဆန္ဒရှင်ပြည်သူ များက     စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးကြသည်။   စမ်းသပ်မဲပေးသူများက          ယခင် ရွေးကောက်ပွဲများတွင် တွေ့ကြုံခဲ့ ရသည့်       အခြေအနေများအရ လာမည့်  ရွေးကောက်ပွဲအတွက် ပိုမိုကောင်းမွန်စေမည့်   အကြံပြု ချက်များကိုလည်း မှတ်တမ်းတွင် ရေးသား       အကြံပြုခဲ့ကြသည်။ မြန်မာအီလက်ထရောနစ်  မဲပေး စက်ဖြင့်  လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း      အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး  နယ်မြေရှိ မြို့နယ်များတွင်    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။               သတင်းစဉ်