
နေပြည်တော် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ဝင် ၁၀၇ ဦးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ဝင် ၁၀၈ ဦး တို့သည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင် တည် ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့် ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက် ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင် များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာတည်ထားပူဇော် နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင် ရွက်နေမှု၊ ခေတ်မီစက်ကိရိယာ များ အသုံးပြု၍ ကျောက်စာရုံ စေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေ အနေတို့ကို ရှင်းလင်းပြောကြား ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက် ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များ ကိုယ်စား ဂေါပကအဖွဲ့ဝင်တစ်ဦးက ယခု ကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွား တော်မြတ်ကြီး တည်ဆောက် ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့် ကို အသေးစိတ် ရှင်းလင်းပြော ကြားပေးမှုများအပေါ် ကျေးဇူး တင်စကားပြောကြားပြီး ဘုရား ဖူးလာ ဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင် စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေ အနေနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန် ရှိသူများက အသေးစိတ်ပြန်လည် ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင် များသည် မာရဝိဇယရုပ်ပွားတော် မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။
ဆက်လက်၍ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် မာရ ဝိဇယ ရုပ်ပွားတော် မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြ ပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ တိုက်များအတွင်း၌ လေ့လာ ကြည့်ရှုကြသည်။
ထို့နောက် ဘုရားဖူးလာ ဂေါပက အဖွဲ့ဝင်များသည် ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည် ဆောက်ထားရှိသည့် မော်ကွန်း တိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ် တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်း အနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်း ပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယ ဆင်းတုတော်ကြီး အား အစိတ်အပိုင်း လေးပိုင်းခွဲ ၍ တည်ဆောက်ထားသော ဆင်းတုတော်ကြီး ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာ ပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်း ဓာတ်ပုံများ၊ ဗိသုကာလက်ရာများ ဖြင့် ခမ်းနားထည်ဝါစွာ တည်ထား ပူဇော်ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက် စာရုံစေတီတော်များနှင့် အခြား သာသနိက အဆောက်အဦများ ကို ဆက်လက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။
သတင်းစဉ်