မန္တလေးတိုင်းဒေသကြီး၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

 

မန္တလေး   ဇွန်   ၅


၂၀၂၂ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့  အခမ်းအနား ကို  ယနေ့နံနက်ပိုင်းက  ချမ်းအေး သာစံမြို့နယ်   မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမ၌     ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်  ဦးမောင်ကို၊     အလယ်ပိုင်း  တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးဝန်ကြီး များ၊   ဌာနဆိုင်ရာ  တာဝန်ရှိသူ များနှင့်   ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ပူးပေါင်းဆောင်ရွက်


အခမ်းအနားတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က  လူသားတို့၏ ချမ်းသာသုခရရှိစေရေးအတွက် ဖန်တီး  ဆောင်ရွက်မှုများသည် သဘာဝတရားနှင့် ပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်၍   မရနိုင်သော အခြေအနေသို့  ရောက်ရှိစေမည့် နည်းလမ်းများကို     အသုံးပြုနေ ပါက       သဘာဝတရားကြီးကို ပြန်လည် ကုစားရမည့်အချိန်နှင့် ကုန်ကျစရိတ်များ        အလွန် များပြားမည်ဖြစ်ကြောင်း၊ “တစ်ခု တည်းသော ကမ္ဘာမြေ”ဟုဆိုထား သည့်အတိုင်း  ပြည်သူများအနေ ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများတွင်          ပိုမို ပူးပေါင်း    ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း   နည်းလမ်း များကို     အတူတကွ      လိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် တစ်ခု တည်းသာရှိသော ကမ္ဘာမြေကြီးကို သာယာလှပ ကောင်းမွန်စေမည် ဖြစ်ပါကြောင်း   ပြောကြားသည်။

 


ယင်းနောက်    ကုလသမဂ္ဂ အထွေထွေ  အတွင်းရေးမှူးချုပ် နှင့်    ကုလသမဂ္ဂပတ်ဝန်းကျင်  အစီအစဉ်- UNEP   အမှုဆောင် ညွှန်ကြားရေးမှူး၏  သဝဏ်လွှာ များ၊  အသိပညာပေးမှတ်တမ်းများ ပြသမှုများကို  တက်ရောက်လာ ကြသူများအား ဗီဒီယိုကလစ်ဖြင့် ပြသသည်။

 


ဆုများချီးမြှင့်


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၂ခုနှစ် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုကို ပုဂံဒေသ    ပလတ်စတစ်အမှိုက် ကင်းစင်ရေး     လှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူများအား      လည်း ကောင်း(ဝဲပုံ)၊       အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ  သုတေသန စာတမ်း ပထမဆု ဦးမင်းကျော်ဇင် (Nature Myanmar)၊ ဒုတိယဆု ဒေါ်ဇာခြည်ထွန်း  (လက်ထောက် ကထိက) နှင့်  တတိယဆု  ဒေါ်ယု ယုထွေး (လက်ထောက်ကထိက) နည်းပညာတက္ကသိုလ် (ကျောက် ဆည်)တို့ကို    လည်းကောင်း ဆုများ     ချီးမြှင့်ခဲ့ကြပြီးနောက် ၂၀၂၂  ခုနှစ်   ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့  အထိမ်းအမှတ်   ပိုစတာများနှင့် အသုံးအဆောင် ပစ္စည်းများကို   လိုက်လံကြည့်ရှု ကြောင်း  သတင်းရရှိသည်။


သတင်းစဉ်